DVB Logo
Home
မြန်မာသတင်း
ဒေါက်တာဆူရာကီရတ်ဦးဆောင်သည့် ရခိုင်အကြံပေးအဖွဲ့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေး
DVB
·
January 23, 2018
ဒေါက်တာဆူရာကီရတ်ဦးဆောင်သည့် ရခိုင်အကြံပေးအဖွဲ့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေး
1 / 7
Donate to DVB

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ်ဆတ်သီရာထိုင်း ဦးဆောင်တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရတာ ၀န်ရှိသူတွေ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဇန်န၀ါရီ ၂၂ ရက်မွန်းလွဲပိုင်းက နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံပြီး ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင် အထည်ဖော်ဆောင်ရွက်ရေးနဲ့ စပ်လျဉ်းပြီး ရှေ့ဆက်ဆောင်ရွက်မယ့် ကိစ္စတွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူ ၁၀ ဦး ပါဝင်တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ၂၀၁၇ ဒီဇင်ဘာ ၁၄ ရက်မှာ မြန်မာအစိုးရက ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပြီး အဖွဲ့စတင်တည်ထောင်ပြီးချိန်ကစလို့ ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။

ရခိုင်အကြံပေးအဖွဲ့ဟာ မြန်မာစစ်တပ် အပါအဝင် ရခိုင်ပြည်နယ်မှာရှိတဲ့ အဖွဲ့အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးတိုင်ပင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ် သူ့ရဲ့ ရခိုင်အကြံပေးအဖွဲ့ကို အပြောသက်သက် အဖွဲ့တဖွဲ့အနေနဲ့ မဖြစ်ချင်ဘဲ လက်တွေ့ကျကျ တိုးတက်မှုတွေ ရလာအောင် လုပ်ဆောင်နေတဲ့ အဖွဲ့တဖွဲ့သာ ဖြစ်ချင်တယ်လို့ ဆူရာကီရတ်က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

ရခိုင်အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရရဲ့ အာဘော်အတိုင်း ပြောမှာ မဟုတ်သလို နိုင်ငံတကာ အသိုင်းအဝန်းဘက်ကလည်း ကိုယ်စားပြု ပြောဆိုမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ရခိုင်အကြံပေးအဖွဲ့ဟာလာမယ့် ဇန်နဝါရီ ၂၄ ရက်မှာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်ဖို့ အစီအစဉ်ရှိပါတယ်။

ဓာတ်ပုံ-State Councellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013