DVB Logo
Home
မြန်မာသတင်း
လွိုင်လင်ခရိုင်တွင် ကလေးငယ်တဦး နေကြာစေ့စားပြီး သေဆုံး
DVB
·
January 22, 2018
လွိုင်လင်ခရိုင်တွင် ကလေးငယ်တဦး နေကြာစေ့စားပြီး သေဆုံး
Donate to DVB

 

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်ဆေးရုံမှာ မနေ့က ကလေးငယ်တစ်ဦး နေကြာစေ့လို့ ယူဆတဲ့အရာ လည်ချောင်းထဲဝင်ပြီး သေဆုံးသွားပါတယ်။

လွိုင်လင်ခရိုင် ပင်လုံမြို့ ပွတ်တန်ကျေးရွာက နန်းခမ်းဖူးအမည်ရှိ အသက် ၃ နှစ်ရွယ် မိန်းကလေးဟာ လွန်ခဲ့တဲ့ ၂ ရက်က သူတို့အိမ်မှာ နေကြာစေ့စားပြီးတဲ့နောက် ချောင်းတွေ အဆက် မပြတ်ဆိုးလာပြီး  ပင်လုံရှိပြင်ပဆေးခန်းတခုကို သွားရောက်ပြသခဲ့ကြောင်း၊ ဆေးခန်းက ချောင်းဆိုးပျောက်ဆေးပေးပြီး မသက်သာလို့  ယမန်နေ့ ၁၂ နာရီလောက်က လွိုင်လင်ဆေးရုံ ရောက်လာရာ မွန်းလွဲပိုင်းမှာပဲ သေဆုံးသွားတယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လွိုင်လင်ဆေးရုံက တာဝန်ကျ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်ဖြိုးက နေကြာစေ့လို့ ယူဆရတဲ့ အရာတစ်ခုခုဟာ အသက်ရှုလမ်းကြောင်း အတွင်းပိုင်းကို ၀င်ရောက်သွားပြီဖြစ်ပြီး ဆေးရုံကိုရောက်လာတာ နောက်ကျသွားတဲ့အတွက် မသေဆုံးသင့်ဘဲ ဆုံးပါးခဲ့ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကလေးက ချောင်းအဆက်မပြတ်ဆိုးပြီး ၂ ညနဲ့ ၃ ရက်ကြာ မသက်သာတော့မှ ကျနော်တို့ဆီကို ရောက်လာတယ်။ ကျနော်တို့ဆီရောက်လာတော့ ပြာနှမ်းပြီး အောက်ဆီဂျင်ဓာတ်နည်းနေပြီ။ ဓာတ်မှန်ရိုက်ကြည့်တော့ အဲဒီဝင်သွားတဲ့ပစ္စည်းတစ်ခုခုက ကျနော်တို့ဆေး ပညာမှာရှိတယ်လေ အသက်ရှူလမ်းကြောင်း ပြွန်မကြီးက ဘေးနှစ်ဘက်ကို ခွဲ တာရှိတယ်။ အဲဒီခွဲတဲ့လမ်းကြောင်းရဲ့ ခွဆုံကိုသွားပိတ်မိတာ။ အဲဒါဆိုရင် ပြန်ရှင်ဖို့က အလား အလာနည်းတယ်။ အပေါ်မှတင် တစ်နေရင်တော့ အသက်ရှူလို့ ရသေးတယ်လေ။ စောစောစီးစီးရောက်လာရင်တော့ အဲဒီဟာကို ဖယ်ဖို့ အသက်ရှူလမ်းကြောင်းမှန်ပြောင်းကြည့်ပြီး ဖယ်ရမယ်၊ ဒီကိုအရင်ဆုံး မလာလိုက်တာပေါ့။”

ကလေးရဲ့ အသက်ရှူလမ်းကြောင်းထဲ ပိတ်မိနေတဲ့အရာမှာ မိဘတွေက နေကြာစေ့စား ထားတယ်လို့ ပြောပေမယ့်လည်း ဆေးရုံကတော့ ခွဲစိတ်ကြည့်မှ အဲဒီအရာကို သေ ချာပြောနိုင်မှာဖြစ်ကြောင်း၊ ဒါပေမယ့်  မိဘအုပ်ထိန်းသူတွေက ခွဲစိတ်မှုမပြုလိုတာကြောင့် အလောင်းကို ပြန်သယ်သွားပြီလို့ ဆိုပါတယ်။

ဒါကြောင့် မိဘအုပ်ထိန်းသူတွေအနေနဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေ အစာ စားရာမှာ အထူးသတိပြုစောင့်ကြည့်ဖို့လိုအပ်ကြောင်း၊ နေကြာစေ့ကြွေးမယ်ဆိုရင် သေချာ အခွံခွာပြီးမှ ကြွေးသင့်ကြောင်း၊ သူတို့ဖာသာ စားမယ်ဆိုရင် နေကြာစေ့ရဲ့ ချွန်နေတဲ့အခွံဟာ ကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး ပီကယ်တွေလည်း မပေးဝါးသင့်ဘူးလို့ ဒေါက်တာအောင်ဖြိုးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013