ရေးမြို့နယ်တွင် မီးကြွင်းမီးကျန်ကနေတဆင့် နေအိမ် ၆ လုံး မီးလောင်ကျွမ်း
DVB
·
January 22, 2018
မွန်ပြည်နယ် ရေးမြို့နယ် ကော့လှိုင်ကျေးရွာအကွက် ၈ အိမ်ရှင် ဦးရွှေကဲ နေအိမ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက်က မီးကြွင်းမီးကျန်ကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မီးသတ်ယာဉ် ၄ စီး၊ နယ်မြေခံတပ်ရင်းမှ ရေသယ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦးက ဝိုင်းဝန်းငြိမ်းသတ်ရာမှာ မီးကို မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်က လုံးဝ
ငြိမ်းသတ်နိုင်ခဲ့တယ်လို မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ဆက်ပြောပါတယ်။
မီးလောင်မှုမှာ နေအိမ် ၆ လုံး ကျပ်သိန်းပေါင်း ၅၀ ကျော်လောက် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး လူတိရစ္ဆာန်တစုံတခုမှ ထိခိုက်ဒဏ်သေဆုံးမှုတွေမရှိခဲ့ဘူးလို့ မီးသတ်ဦးစီးဌာနထံမှ သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့အတူ ဦးရွှေကဲအား ခေါဇာနယ်မြေရဲစခန်းမှ (ပ)၃/၂၀၁၈ အရ ပေါ့ဆမီးအရ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားလို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)