DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်ရှင်ကို ထိုင်းအလုပ်သမားက ပစ်သတ်
DVB
·
January 22, 2018
ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်ရှင်ကို ထိုင်းအလုပ်သမားက ပစ်သတ်
Donate to DVB

ထိုင်းတောင်ပိုင်း တရန်းခရိုင်ထဲမှာ မြန်မာအလုပ်ရှင်ကို ထိုင်းအလုပ်သမားက သေနတ်နဲ့ ပစ်သတ်တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။

ဇန်န၀ါရီ ၂၀ ရက်နေ့ ည ၉ နာရီလောက်က ယန်ဒါခေါင်ဆေးရုံကြီးမှာ သေနတ်ဒဏ်ရာနဲ့ လူနာတဦး သေဆုံးသွားကြောင်း ဆေးရုံက အကြောင်းကြားတာကြောင့် သွားရောက် စစ်ဆေးခဲ့တယ်လို့  ယန်ဒါခေါင်နယ်မြေရဲစခန်း တာဝန်ကျဒုရဲမှူး ပရဆစ် ထောင်းန်ဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူမှာ  အသက် ၃၆ နှစ်ရှိ မောင်မောင်ဦး ခေါ် နိုင်ကြီး ခေါ် ပါတိ ဆိုသူ မြန်မာနိုင်ငံသားတဦး ဖြစ်ပြီး၊ သူဟာ ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျကာ တရန်းခရိုင် ပါလျင်မြို့နယ် လျံဆွမ်ရပ်ကွက်မှာ ရော်ဘာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

မောင်မောင်ဦးဟာ စတင်းဂန်းသေနတ်နဲ့ အပစ်ခံရတာဖြစ်ပြီး ဘယ်ဘက်နံရိုး၊ ဝမ်းဗိုက်၊ တင်ပါး၊ လက်ဖျံ စတဲ့ နေရာတွေမှာ ကျည်ပေါက်ရာ ၉ ခုထိ ရရှိခဲ့ပါတယ်။

မောင်မောင်ဦးရဲ့ ဇနီးသည် နန်းဖန်နိဖာ ထွက်ဆိုချက်အရ အဲဒီနေ့ကည ၈ နာရီလောက်မှာ သူ့ခင်ပွန်းနဲ့  နိုင်းကျတုရုန်း ခေါ် အဲမ် (ထိုင်းအလုပ်သမား) နဲ့ တခြားသူ အပါအဝင် စုစုပေါင်း ၄ ဦးဟာ အိမ်ရှေ့မှာ စကားဝိုင်းဖွဲ့နေကြောင်း၊ သူမက အိမ်နောက်မှာရှိနေစဉ် သေနတ်သံကြားလို့ ထွက်ကြည့်ရာမှာ ခင်ပွန်းမှာ လဲကျနေပြီး နိုင်းကျတုရုန်းက ထွက်ပြေးသွားကြောင်း၊ သူတို့ဟာ မောင်မောင်ဦးကို ဆေးရုံအမြန်ခေါ်ခဲ့ပေမယ့် လမ်းတဝက်မှာပဲ သေဆုံးသွားကြောင်း၊ ခင်ပွန်းဖြစ်သူမှာ စကားကို တဲ့တိုးပြောတတ်သူဖြစ်လို့ စကားများ ရန်ဖြစ်တာလို့ ဆိုပါတယ်။

မောင်မောင်ဦး သေဆုံးပြီး ၂ နာရီလောက်အကြာ နိုင်းကျတုရုန်းက ဘန့်နောင်အိန့်နယ်မြေ ရဲစခန်းမှာ စတင်းဂန်းတလက်၊ ကျည်ဆန်တတောင့်နဲ့အတူ လာရောက်အဖမ်းခံပြီး မောင်မောင်ဦးကို သူကိုယ်တိုင် ပစ်သတ်ခဲ့ကြောင်း၊ ပစ်သတ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပဲလို့ ဒုရဲမှူးပရဆစ်က ပြောပါတယ်။

(ကိုးကား - ထိုင်းရတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013