DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့အနီး ပဲခူးရိုးမတွင် ငလျင်ထပ်မံလှုပ်ခတ်
DVB
·
January 22, 2018
ဖြူးမြို့အနီး ပဲခူးရိုးမတွင် ငလျင်ထပ်မံလှုပ်ခတ်
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ပဲခူးရိုးမမှာ ဒီနေ့ နေ့လယ်ပိုင်းက အင်အား အသင့်အတင့်ရှိ ငလျင်တခုလှုပ်တယ်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီက ထုတ်ပြန်ပါတယ်။

နေ့လယ် ၂ နာရီ ၇ မိနစ်က ဖြူးမြို့ရဲ့ အနောက်ဘက် ရိုးမထဲမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တာပါ။ ဒါဟာ ဇန်နဝါရီ ၁၂ ရက်က လှုပ်ခဲ့တဲ့ အင်အား ၆ ရှိတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ငလျင်ကြောအသစ်ဖြစ်ပါတယ်။

အခုငလျင်လှုပ်ခတ်နေတဲ့နေရာကို ရဲနွယ်ပြတ်ရွေ့လို့ ယာယီနာမည်ပေးထားပါတယ်။ ပဲခူးရိုးမထဲမှာ ဇန်နဝါရီ ၁၂ ရက်ကနေ အခုအချိန်အထိ အင်အား ရစ်(ခ်)တာ စကေး ၄ အထက်ရှိတဲ့ ငလျင်အကြိမ်ရေ ၁၁ ကြိမ် ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013