DVB Logo
Home
မြန်မာသတင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆု မြန်မာနိုင်ငံမှ ရရှိ
DVB
·
January 22, 2018
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆု မြန်မာနိုင်ငံမှ ရရှိ
Donate to DVB

 

ကမ္ဘာက အသိအမှတ်ပြုလေးစားရတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဆုတခုဖြစ်တဲ့ ၂ဝ၁၇ ခုနှစ်အတွက် Energy Globe National Award ဆုကို မြန်မာနိုင်ငံ သစ်တောဦးစီးဌာနက တင်သွင်းခဲ့တဲ့  ရိုးစုံဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောက ရရှိသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့တဲ့ (၁၈) ကြိမ်မြောက် Energy Globe Award ဆုပေးပွဲမှာ  မြန်မာနိုင်ငံမှ သစ်တောစီမံအုပ်ချုပ်မှုဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းက ဆုရရှိ သွားတာပါ။

ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြည်တွင်းမှာ အောင်မြင်နေတဲ့  အစုအဖွဲ့ပိုင် သစ်တောတွေထဲက မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ရိုးစုံကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောကို ရွေးချယ်ခဲ့တာလို့ဆိုပါတယ်။

ရိုးစုံအစုအဖွဲ့ပိုင်သစ်တောကို အဖွဲ့ဝင် ၈၄ ဦးပါဝင်တဲ့အဖွဲ့က ၂ဝဝ၅ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။   စုစုပေါင်း ဧရိယာ ဧက ၅၅ဝ ကျယ်ဝန်းပြီး သဘာဝတော ဧရိယာ ဧက ၇ဝ ကို ထိန်းသိမ်းကာ ကျန် ဧက ၄၈ဝ ကို အဖွဲ့ဝင် မိသားစုဝင်ဦးတွေ ခွဲဝေကာ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းစနစ်နဲ့ ယာသီးနှံအပြင်  လျှော်ဖြူ (ဆေးကုလားမ)ပင်ကို စိုက်ပျိုးလုပ်ကိုင်နေတာပါ။

၂ဝ၁၇ ခုနှစ် Energy Globe Awardဆုအတွက် နိုင်ငံပေါင်း ၁၇၈ နိုင်ငံမှ စီမံကိန်းပေါင်း ၂ဝဝဝ ကျော် တင်သွင်းယှဉ်ပြိုင်ခဲ့တဲ့အနက်  အကောင်းဆုံးစီမံကိန်းတွေကို ရွေးချယ် ဆု ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-ကြေးမုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013