DVB Logo
Home
မြန်မာသတင်း
ဦးသန့်မွေးနေ့အထိမ်းအမှတ်  ကျောင်းသားလူငယ်များလေ့လာနိုင်ရန် ပြတိုက်ဖွင့်လှစ်ပြသ
DVB
·
January 22, 2018
ဦးသန့်မွေးနေ့အထိမ်းအမှတ်  ကျောင်းသားလူငယ်များလေ့လာနိုင်ရန် ပြတိုက်ဖွင့်လှစ်ပြသ
1 / 7
Donate to DVB

 

ဇန်နဝါရီ  ၂၂ရက် မှာ ကျရောက်တဲ့  ကုလမသဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ၁၀၉ နစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဦးသန့်ပြတိုက်မှာ ကျောင်းသားလူငယ်တွေ အတန်းပညာ အလိုက်လေ့လာလို့ရတဲ့ ပညာရေး အစီအစဉ်တစ်ခု စီစဉ်ထားတယ်လို့ ဒေါက်တာသန့် မြင့်ဦးကပြောပါတယ်။

"ပြတိုက်မှာ ဦးသန့် အကြောင်းတစ်ခုတည်းမဟုတ်ပဲ သူလုပ်ဆောင်ခဲ့တဲ့ကုလသမဂ္ဂနဲ့ ပတ်သတ်တဲ့ အလုပ်တွေ နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်တွေ အပြင် တခြားနိုင်ငံတွေမှာဖြစ်နေတဲ့ စိန်ခေါ်မှုတွေ၊ ကမ္ဘာအရေးတွေကိုလည်း လေ့လာလို့ရတဲ့ နေရာတစ်ခုစီစဉ်ထားပါတယ်”

ဒီလိုကျောင်းသားလူငယ်တွေအတွက်စီစဉ်တဲ့နေရာမှာ မူလတန်း ကလေးတွေအတွက် ပုံတွေစာတွေချည်းပဲမဟုတ်ပဲ သူတို့ လက်လှမ်းမှီနိုင်တဲ့ ကာတွန်းပြကွက်တွေ၊ အလယ်တန်း အထက်တန်းစသည်ဖြင့်  စိတ်ဝင်စားမူရှိတဲ့ ပညာရေးအစီစဉ်တစ်ခုအနေနဲ ပြုလုပ်ဖို့ အစိုးရကျောင်းတွေနဲ့ ညှိနှိုင်းထားတယ်လို့လည်း ဦးသန့် ပြတိုက်တာဝန်ခံကပြောပါတယ်။

ပြတိုက်ကို ပုံမှန်အားဖြင့် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ တွေမှာ ဖွင့်လှစ်လေ့ရှိပေမယ့်  ဦးသန့်ရဲ့မွေးနေ့ရက်မှာတော့ ကျောင်းဖွင့်ရက်နဲ့လည်း တိုက်ဆိုင်တာကြောင့် မနက် ၁၀ နာရီက စတင်ဖွင့်လှစ်ထားခဲ့တာပါ။

လက်ရှိမှာ ဦးသန့်ပြတိုက်နေအိမ်ကိုတော့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် ၃၁ ပန်းဝါလမ်းမှာ ဖွင့်လှစ်ပြသထားပြီး ဦးသန့်နဲ့ပတ်သက်တဲ့ သမိုင်းနဲ့ သူရေးသားခဲ့တဲ့ စာအုပ်တွေပြသထားပါတယ်။

ဒါ့အပြင် သူလုပ်ဆောင်ခဲ့တဲ့ သမိုင်းတွေအကြောင်း အကျဉ်းချုပ်ဖော်ပြချက်တွေနဲ့ အတူ

ဦးသန့် အကြောင်းရိုက်ကူးထားတဲ့ ၂၅ မိနစ်စာ ရုပ်သံမှတ်တမ်းဗီဒီယိုကိုလဲ ပြသထားပါတယ်။

လာမယ့်ဇန်န၀ါရီ ၂၈ ရက်မှာတော့ ဦးသန့်ရဲ့မွေးနေ့ အထိမ်းအမှတ်အခမ်းနားတစ်ခုကိုလဲ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဦးသန့်ဟာ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ၁၉၇၄ နိုဝင်ဘာလမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013