DVB Logo
Home
မြန်မာသတင်း
အင်္ဂလိပ်စာစွမ်းရည် ၄ မျိုးကို အခြေခံသည့် သင်ရိုးညွန်တမ်းသစ် သင်ကြားပေးမည်
DVB
·
January 22, 2018
Donate to DVB

လာမယ့် ၂၀၂၂-၂၃ ပညာသင်နှစ်က စတင်ပြီး အင်္ဂလိပ်စာစွမ်းရည် ၄ မျိုးကို အခြေခံတဲ့ သင်ရိုးညွန်တမ်းအသစ်တွေ သင်ကြားပေးမယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

ဇန်နဝါရီ ၂၂ နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောတာပါ။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်က ဒေါ်ထုမေ တင်သွင်းတဲ့ အဋ္ဌမတန်း(Grade-9) ကစပြီး အင်္ဂလိပ်စာဘာသာကို ခေတ်နဲ့လျော်ညီအောင် စွမ်းရည် ၄ မျိုးပါတဲ့ (4 Skill- Reading, Writing, Speaking, Listenin)ပါတဲ့ စနစ်ကို ပြောင်းလဲသင်ကြားပေးဖို့ အဆိုနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားတာမှာ အခုထည့်သွင်း ဖြေဆိုတာ ဖြစ်ပါတယ်။

“၂၀၂၂-၂၃ ပညာသင်နှစ်မှာ ပထမတန်းကနေ ဒွါဒသမတန်းထိ စွမ်းရည် ၄ မျိုးကို အခြေခံတဲ့ သင်ရိုးညွန်းတမ်း အသစ်တွေကို သင်ကြားနည်းစနစ်အသစ်တွေနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ” လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ပထမတန်း အင်္ဂလိပ်စာဘာသာရပ် ကျောင်းသုံးစာအုပ်ကို အင်္ဂလိပ်စာစွမ်း ရည် ၄ မျိုး သင်ရိုးညွန်းတမ်းအသစ်ကို ရေးဆွဲထားပြီး ဆရာ၊ ဆရာမတွေကိုလည်း ၂၀၁၇ ခုနှစ် မတ်လနဲ့ ဧပြီလတွေမှာ သင်တန်းတွေ ပို့ချပေးထားတယ်လို့ ဆိုပါတယ်။

“ဆက်လက်ပြီး ၂၀၁၈-၁၉ နှစ်မှာ ဒုတိယတန်း၊ ၂၀၁၉-၂၀၂၀ မှာ တတိယန်းနဲ့ ဆဋ္ဌမတန်း၊ ၂၀၂၀-၂၀၂၁ မှာ စတုတ္ထတန်း၊ သတ္တမတန်းနဲ့ ဒသမတန်း၊ ၂၀၂၁-၂၀၂၂ မှာ ပဉ္စမတန်း၊ အဋ္ဌမတန်းနဲ့ ဒွါဒသမတန်းနဲ့ ၂၀၂၂-၂၀၂၃ မှာ န၀မတန်းနဲ့ ဧကဒသမတန်း တို့အတွက် သင်ရိုးညွန်းတမ်းအသစ်တွေကို ဆက်လက်ရေးဆွဲသွားပြီး သင်တန်းတွေပို့ချပေးသွားမှာ ဖြစ်ပါတယ် ” လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒီလို သင်ကြားပေးတာကြောင့် အထက်တန်းအဆင့် ပြီးတဲ့အခါ အင်္ဂလိပ်စာဘာသာရပ်ကို အတိုင်းအတာတခုအထိ ထိရောက်စွာ ရေးသားပြောဆိုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်က ဒေါ်ထုမေ တင်သွင်းတဲ့ အဋ္ဌမတန်း (Grade-9) ကစပြီး အင်္ဂလိပ်စာဘာသာကို ခေတ်နဲ့လျော်ညီအောင် စွမ်းရည် ၄ မျိုးပါတဲ့ (4 Skill- Reading, Writing, Speaking, Listenin)ပါတဲ့ စနစ်ကို ပြောင်းလဲ သင်ကြားပေးဖို့ အဆိုကိုလည်း မှတ်တမ်းအဖြစ်ပဲ ထားသင့်တယ်လို့ ပြည်ထောင်စုဝန်ကြီး ပြန်လည်ဖြေဆိုတဲ့အတွက် မဲခွဲဆုံးဖြတ်တာမှာ ကန့်ကွက်မဲ များတဲ့အတွက် အဆိုမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013