DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်းတွင် ဂျီဒီပီ ၈ ဒဿမ ၆ ရာခိုင်နှုန်းတိုးတက်ရန်ရည်မှန်း
DVB
·
January 22, 2018
ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်းတွင် ဂျီဒီပီ ၈ ဒဿမ ၆ ရာခိုင်နှုန်းတိုးတက်ရန်ရည်မှန်း
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)ကို ၈ ဒဿမ ၆ ရာခိုင်နှုန်းတိုးတက်ဖို့ ရည်မှန်းထားတယ်လို့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရသိရပါတယ်။

၂၀၁၈ ဧပြီမှ စတင်ဘာလအထိ ခြောက်လတာကာလအတွက်ရေးဆွဲထားတဲ့   အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို လက်ရှိ လွှတ်တော်မှာတင်သွင်း  ဆွေးနွေးနေကြတာဖြစ်ပြီး အများပြည်သူ သိရှိလေ့လာအကြံပြုနိုင်ဖို့လည်း ဖြန့်ဝေထားတာဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးဟာ ဂျီဒီပီတိုးတက်မှု ရာခိုင်နှုန်း အများဆုံးမျှော်မှန်း ထားတာဖြစ်ပြီး တနင်္သာရီ၊ ပဲခူးနဲ့မကွေးက ၇ ၇ာခိုင်နှုန်းကျော်စီ ၊ ကရင်၊ ကယား၊ မွန်နဲ့ နေပြည်တော်က ၆ ရာခိုင်နှုန်းကျော်စီ၊ ချင်း၊ ရခိုင်၊ရှမ်းနဲ့ဧရာဝတီက ၅ ရာခိုင်နှုန်းကျော်စီတိုးတက်ဖို့ မျှော်မှန်းထားပြီး   ကချင်ပြည်နယ်ကတော့ ၂ဒဿမ ၈ ရာခိုင်နှုန်းနဲ့ တိုးတက်မှုနှုန်း အနည်းဆုံး ခန့်မှန်းထားပါတယ်။

၂၀၁၈ ဧပြီကနေ စက်တင်ဘာလအထိ ခြောက်လာတာကာလ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဂျီဒီပီ တိုးတက်မှုနှုန်း ၇ဒဿမ ၂ ရှိဖို့ ရည်မှန်းထားပြီး ဒီအထဲမှာ လယ်ယာကဏ္ဍကနေ ပါဝင်မှုအချိုးအစား ၂၁ဒဿမ ၁ရာခိုင်နှုန်း၊  စက်မှုကဏ္ဍ ၃၅ဒဿမ ၁ရာခိုင်နှုန်းနဲ့ ၀န်ဆောင်မှုကဏ္ဍက ၄၃ ဒဿမ ၈ ရာခိုင်နှုန်း ရည်မှန်းထားပါတယ်။

ကုန်သွယ်မှုအနေနဲ့ကတော့ ပြည်ပပို့ကုန် ကျပ် ၉၂၅၂ ဒဿမ၉ ဘီလီယံ တင်ပို့ဖို့နဲ့ ပြည်ပသွင်းကုန်အနေနဲ့ တန်ဖိုး ကျပ် ၉၆၅၃ ဒဿမ၁ ဘီလီယံ တင်သွင်းဖို့ ရည်မှန်းထားတယ်လို့ လည်း အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရ သိရပါတယ်။

လာမယ့်ဘဏ္ဍာနှစ် ၆လတာကာလတွင်း ဆောင်ရွက်မယ့် စီမံကိန်းတွေဟာ ဖြစ်မြောက်နိုင်စွမ်းရှိမရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိမရှိ၊ ပြည်သူတွေအတွက် အကျိုးရှိမရှိ၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမပြု၊ ပတ်ဝန်းကျင်ကိုထိခိုက်မှု ရှိမရှိ စတာတွေကို ဘက်စုံလေ့လာ ဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရရဲ့ သဘောတူ ခွင့်ပြုချက်ရပြီးသား စီမံကိန်းတွေ ဖြစ်ရမယ်လို့လည်း ဥပဒေကြမ်းမှာပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013