DVB Logo
Home
မြန်မာသတင်း
မြောက်ဦးပဋိပက္ခ လွတ်လွပ်စွာ စုံစမ်းစစ်ဆေးရန် ရခိုင်အရပ်ဘက်အဖွဲ့ ၇၀ ကျော် တောင်းဆို
DVB
·
January 22, 2018
မြောက်ဦးပဋိပက္ခ လွတ်လွပ်စွာ စုံစမ်းစစ်ဆေးရန် ရခိုင်အရပ်ဘက်အဖွဲ့ ၇၀ ကျော် တောင်းဆို
Donate to DVB

 

ရခိုင်ပြည်နယ်၊ မြောက်ဦးပဋိပက္ခအတွင်း အရပ်သားတွေ သေဆုံးခဲ့ရမှုအတွက် အစိုးရ မဟုတ်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တခုဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၇၀ ကျော်က ပူးပေါင်းတောင်းဆိုပါတယ်။

စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်က “မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့ထုတ်ပြန်ချက်နဲ့ မြေပြင်အခြေအနေ ဟာ ကွဲပြားမှုတွေရှိနေတယ်။ ပြီးတော့ ကွာဟချက်တွေ ရှိနေတယ်။ ဒီဖြစ်စဉ်ဟာအစိုးရနဲ့ နိုင်ငံဝန်ထမ်းပြည်သူတွေနဲ့ ဖြစ်တဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့် အများပွင့်လင်းရှင်းလင်းမြင်သာဖို့ အတွက် ကော်မရှင်တရပ်ဖွဲ့စည်းပြီးတော့ စုံစမ်းပေးရင် ပိုပြီးအဆင်ပြေမယ်။ ကျနော်တို့ ဖွဲ့မလို့ပြောတာ မဟုတ်ဘူးနော်။ အစိုးရက လွတ်လပ်တဲ့ကော်မရှင် တရပ်ကိုဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင်အခု ရက္ခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာ ကျရှုံးခြင်းအခမ်းအနားလုပ်ဖို့ ဇန်နဝါရီ ၈ ရက်နေ့က ခွင့်ပြုချက်တင်ထားတာကို ၁၅ ရက်နေ့ကျမှ ခွင့်ပြုချက် ပိတ်လိုက်တဲ့အပေါ် ရည်ရွယ်ချက် တခုခုပါတယ်လို့ သူက မှတ်ချက်ပေးပါတယ်။

ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၇၀ ကျော်ရဲ့ နာယက ဦးသန်းထွန်းကတော့  “ဒီကိစ္စလူထုတွေ နစ်ဆုံးရှုံးတဲ့အတွက်ကြောင့် မှားတယ်မှန်တယ်ဆိုတာ ပိုပြီးပြသနိုင်ဖို့အတွက် အစိုးရမဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့ သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်တွေပါတဲ့ စုံစမ်းတဲ့အဖွဲ့ ဘက်လိုက်မှုကင်းမဲ့တဲ့ စုံစမ်းစစ်ဆေးရေးဖွဲ့ခါမှသာလျှင် ဒီအဖြေအမှန်ထွက်လာလိမ့်လို့ ယူဆတယ်။ အစိုးရတခုတည်းသာ စုံစစ်ဆေးမှုလုပ်လို့ လူထုယုံကြည်မှုရမှာ မဟုတ်ဘူး။ အစိုးရမဟုတ်တဲ့ လူထုကိုယ်စားပြုတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဖွဲ့စည်းစုံစမ်းမှာသာလျှင် ဒီအဖြေကို လူထုလက်ခံမယ်လို့ ထင်တယ်”လို့ပြောပါတယ်။

မြောက်ဦးမြို့မှာကျင်းပဖို့စီစဉ်ထားတဲ့ ရက္ခိုင့် ဘုရင်နိုင်ငံတော်အချုပ် အခြာအာ ဏာကျဆုံးခြင်း (၂၃၃)နှစ်မြောက် အထိမ်းအမှတ်စာပေဟောပြောပွဲကို အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် ဒေသခံတွေမကျေမနပ်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်က လူစုလူဝေး ဖြစ်ပေါ်ခဲ့ရာမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့လို့ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြည်နယ်အစိုးရက သေဆုံးသွားသူတဦးအတွက်  နစ်နာကြေး ကျပ် ၅ သိန်းစီထောက်ပံ့ပေးအပ်ခဲ့ပေမယ့် သေဆုံးသွားသူတွေရဲ့  မိသားစုဝင်တွေက လက်မခံဘဲ ပြန်ပေးခဲ့ကြတယ်လို့ လည်းသိရပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013