DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ခွင့်ပြုချက်မရှိသည့်အလုပ် လုပ်ကိုင်သူ နိုင်ငံခြားသား ၁၆၀၀ ကျော်ကို ဖမ်းဆီး
DVB
·
January 22, 2018
ထိုင်းတွင် ခွင့်ပြုချက်မရှိသည့်အလုပ် လုပ်ကိုင်သူ နိုင်ငံခြားသား ၁၆၀၀ ကျော်ကို ဖမ်းဆီး
Donate to DVB

ထိုင်းအလုပ်သမားဝန်ကြီးက ခွင့်ပြုချက်မပြုတဲ့ အလုပ်အကိုင်တွေမှာ ဥပဒေနဲ့မညီဘဲ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား  အလုပ်သမား ၁၆၀၉ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့  ဘန်ကောက်စီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံထဲမှာ နိုင်ငံခြားသား အလုပ်သမားတွေ အမြောက်အမြား ပိုမိုဝင်ရောက်လုပ်ကိုင်လာကြပြီး ထိုင်းလူမျိုးတွေအတွက်သာ သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေ နေရာမှာ နိုင်ငံခြားသားတွေက အလုပ်ရှင်အဖြစ် ဝင်လုပ်လာနေကြတာပါ။

အထူးသဖြင့် အိန္ဒိယ၊ ဗီယက်နမ်၊ တရုတ်နဲ့ လာအိုနိုင်ငံသားတွေဟာ ထိုင်းလူမျိုးတွေကို အမည်ခံပြီး စားသောက်ဆိုင်၊ ဈေးဆိုင်၊ ပျံကျဈေးဆိုင်၊ တွန်းလှည်းဈေးဆိုင် ဖွင့်တဲ့သူတွေ ရှိသလို ထိုင်းလူမျိုး အလုပ်ရှင် ငှားရမ်းပြီး သူတို့ကိုယ်တိုင်က ရွှေ့ပြောင်းအလုပ်သမားကတ်နဲ့ နေနေကြောင်း၊ တချို့ကလည်း ရွှေ့ပြောင်းအလုပ်သမားတွေ တဆင့်ပြန်လည်ငှားရမ်း လုပ်ကိုင်တာ တွေ့ရတယ်လို့ ထိုင်းအလုပ်သမား ဒုဝန်ကြီး နန်းဖစ်ခ်ျရတ် ဆင်အွေက  သတင်းထောက်တွေကို ပြောပါတယ်။

၁၉၇၉ ထိုင်းအလုပ်သမား အက်ဥပဒေအရ အဆိုပါအလုပ်မျိုးတွေမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ကိုင်ခွင့်မပြုကြောင်း၊ ဒါကြောင့် ဥပဒေ ချိုးဖောက်နေတဲ့ အလုပ်သမားတွေ နှိမ်နင်းဖို့  ထိုင်းအလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး အဒွန်းဆိုင်စင်ကယောက်ရဲ့ ညွှန်ကြားချက်အရ စစ်ဆေးမှုတွေ ပြုခဲ့တာပါ။

လုပ်ငန်းခွင်တွေထဲ ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့ရာမှာ ဘန်ကောက်မှာ ၇၃၈ ဦး၊ အခြားခရိုင်တွေမှာ ၈၇၁ ဦး ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀၀ ဦး ပါဝင်ကာ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယအမျာဆုံးမှာ ကမ္ဘောဒီးယား ၄၃၀ ဦး၊ လာအို ၂၃၅ ဦးနဲ့ ကျန်တာက တခြားနိုင်ငံသားတွေ ဖြစ်ကြောင်း၊ သူတို့တွေဟာ အထမ်းဈေးသည်၊ ထိုင်းလူမျိုး အမည်ခံ အရောင်းအဝယ် လုပ်နေတာလို့ ဒုဝန်ကြီးက ဆက်ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဥပဒေအရဆိုရင် အလုပ်ကြမ်းနဲ့ အိမ်အကူ အလုပ်တွေသာ လုပ်ခွင့်ရှိတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။

၂၀၁၇ ခုက ပြင်ဆင်လိုက်တဲ့ ထိုင်းအလုပ်သမားဥပဒေအရ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေဟာ ခွင့်ပြုချက်မရှိဘဲ  ဝင်ရောက်လုပ်ကိုင်ရင်   ၅ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ဘတ် ၂၀၀၀ မှ ဘတ်တသိန်းထက်မပို၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ပေးဆောင်ရမှာပါ။ အလုပ်သမားကတ်ထဲမှာ ဖော်ပြထားတဲ့ အလုပ်အကိုင်နဲ့ မတူတဲ့ အလုပ်ကို ဝင်လုပ်ရင် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ကျခံရမယ်လို့လည်း ဖော်ပြထားပါတယ်။

Photo : Bangkok biznew

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013