DVB Logo
Home
မြန်မာသတင်း
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ရတနာပုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြတောင်းဆို
DVB
·
January 22, 2018
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ရတနာပုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြတောင်းဆို
1 / 5
Donate to DVB

 

၂၀၁၈ ပညာသင်နှစ်အတွက် ပညာရေးအသုံးစရိတ်တိုးမြှင့်ချပေးဖို့ မန္တ​လေး ​ရတနာပုံ တက္ကသိုလ်​​ဗကသ​ကျောင်းသားတွေက ဦး​ဆောင်​ပြီး ဒီနေ့ မနက်ပိုင်းက ​​တောင်းဆို ဆန္ဒပြ​ခဲ့ကြပါတယ်​။

ရတနာပုံတက္ကသိုလ်​ ဗကသ​ကျောင်းသား ကိုရဲမျိုး​ဆွေက “တပ်​မ​တော် ​အသုံးစရိတ်​နဲ့ ၆ လ​စာနဲ့ ပညာ​ရေးအတွက်​ချ​ပေးတဲ့ ဘက်​ဂျက်​ဟာ အဆမတန်​ ကွာခြားလွန်း​နေတယ်။ ဒါ​ကြောင့် ပညာ​ရေးစရိတ်​တိုးမြင့်ပေးဖို့ကို သက်​ဆိုင်​ရာ ပညာ​ရေးဌာနက ဝန်​ကြီးဌာန​တွေအ​နေနဲ့ အမြန်​ဆုံးချထား​ပေးဖို့​ တောင်းဆိုရတာဖြစ်​တယ်”​လို့ ​ပြောပါတယ်​။

ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာထိ ၆လတာ ကာလအတွက် စစ်ဆင်ရေးအသုံးစရိတ်အဖြစ် ကျပ်ငွေ ၂ ဘီလီယံကျော် လွှတ်တော်မှာ တောင်းခံထားပါတယ်။

ပညာ​ရေးအသုံးစရိတ်တိုးမြှင့်ရေးတိုက်​ပွဲ​ကော်​မတီကို ဇန်​နဝါရီ ၂၁ ရက်​​နေ့မှာ ရတနာပုံတက္ကသိုလ်​မှ ဥက္ကဋ္ဌ ​ကို​ကျော်သီဟရဲ​ကျော်​၊ ရမည်းသင်းတက္ကသိုလ်မှ ကိုရာဇာထွန်း၊ က​လေးတက္ကသိုလ်​မှ ကိုသူရိန်​ထွန်း၊ မိတ္ထီလာတက္ကသိုလ်မှ ကိုမင်းထက်​မြတ်​အပါအဝင် ​အဖွဲ့ဝင် ၁၀၀ ကျော်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပညာ​ရေးအသုံးစရိတ်​တိုးမြှင့်ပေး​ရေး၊ ​ကျောင်းအတွင်းအ​ဆောင်​များတည်​​ဆောက်​​ပေး​ရေး၊ သင်​​ထောက်​ကူပစ္စည်းလုံ​လောက်​စွာချ​ပေး​ရေးတိုကို အဓိက​တောင်းဆိုခဲ့ကြပါတယ်​။

မန္တ​လေးရတနာပုံတက္ကသိုလ်၊​ မြင်းခြံ၊ မိတ္ထီလာ၊ က​လေး၊ ရမည်းသင်း၊ မိုးညှင်း၊ မြစ်​ကြီးနား၊ ​တောင်​ငူ၊ ​ကျောက်​ဆည်​၊ စစ်​ကိုင်းစတဲ့ တက္ကသိုလ်​​ကျောင်းတွေက ဗကသတွေ ပါဝင်​​တောင်းဆို ခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013