DVB Logo
Home
မြန်မာသတင်း
မြေစာရင်းက မြေနေရာအတိအကျ တိုင်းမပေးသဖြင့် တောင်သူများ လယ်လုပ်ခွင့်ဆုံးရှုံး
DVB
·
January 22, 2018
မြေစာရင်းက မြေနေရာအတိအကျ တိုင်းမပေးသဖြင့် တောင်သူများ လယ်လုပ်ခွင့်ဆုံးရှုံး
Donate to DVB

 

ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့နယ် ပဒတ်ကုန်းကျေးရွာအုပ်စု ကွင်းသာကျေးရွာက တောင်သူလေးဦးဟာ မြေစာရင်းက ထုတ်ပေးတဲ့ ပုံစံ(၇) ကိုင်ထားပေမယ့် နေရာအတိအကျ တိုင်းပေးတာမရှိတဲ့အတွက် အခုချိန်ထိ လယ်လုပ်ကိုင်ခွင့်မရ ဖြစ်နေပါတယ်။

ကွင်းသာကျေးရွာမှတောင်သူတဦးက “ဒီမြေတွေကအရင်ကသစ်တောမြေ ကျနော်တို့ ရွာသားတွေ ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးစားကြတယ်။ အဲဒီအတွက် သစ်တောကို အခွန် ထမ်းရတယ်။ ၁၉၉၂ ခုနှစ်မှာ သစ်တောက လယ်ယာမြေအဖြစ် ပယ်ဖျက်ပေးတယ်။ အဲ့မှာလည်း ကျနော်တို့ အစိုးရစပါးဒိုင်ကို စပါးချရတယ်။ ၁၉၉၇ ခုနှစ်ကျတော့ ဥက္ကဋ္ဌ ဦးသန်းရှင်က ဒါကို ဘုရားဝတ္တကမြေဆိုပြီး ကားနဲ့မြောင်းတွေဖော်သိမ်းပြီး အငှားချစားတယ်။ ကျနော်တို့ပြောတော့ ပြောတဲ့သူကို တရားစွဲတယ်၊ ထောင်ချတယ်။ ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ မြေတွေကို သက်ဆိုင်ရာ ကို စာတင်ပြီး ပြန်တောင်းတော့ပြန်ရတယ်။ ၂၀၁၃ ခုနှစ်မှာ မြေစာရင်းက ကွင်းအမှတ် (၁၃၄၅) မှာ ပုံစံ(၇) ထုတ်ပေးတယ်။ စိုက်ပျိုးစရိတ်ချေးငွေလည်း ထုတ်ပေးတယ်။ ဒါပေမယ့် မြေစာရင်းက မြေနေရာကို အတိအကျတိုင်းမပေးလို့ အခုချိန်ထိ လယ်မလုပ်ရဘူး။ "ပြောပါတယ်။

အဆိုပါတောင်သူတွေရဲ့ မြေယာပြဿနာကို မြို့နယ်တာဝန်ရှိသူတွေက စစ်ဆေးကြည့်ရာမှာ မြေစာရင်းမြေပုံမှာ ဘုရားဝတ္တကမြေဆိုပြီး ဧရိယာသတ်မှတ်ချက် မရှိဘူးလို့ ပဒတ်ကုန်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးမျိုးချစ်ကပြောပါတယ်။

"သိမ်းတဲ့သူတွေက အင်္ဂလိပ်လက်ထက်က မြေပုံပြပြီး သိမ်းတယ်။ မြေစာရင်းကလည်း သူတို့မှာ မရှိဘူးပြောတယ်။ ဒါဆို ပုံစံ(၇) ရထားတဲ့ တောင်သူတွေကို မြေတိုင်းပေးဖို့ခေါ်တော့ ၂ ကြိမ်လာတိုင်းပေးတယ်။ ဒါပေမယ့် အဆင်မပြေ ဘူး။ အဲဒီအတွက် တောင်သူတွေအများကြီး နစ်နာပါတယ်။ မြေစာရင်း တိတိကျကျတိုင်းပေးမှသာ ဒီတောင်သူတွေ အဆင်ပြေမှာပါ။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်ကို စာပြန်တင်ထားပါတယ်"

နတ္တလင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကို ဒီဗွီဘီက သွားရောက် မေးမြန်ရာ “အဖွဲ့အစည်းနဲ့လုပ်တဲ့ ကိစ္စဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ထည်း မဖြေနိုင် ကြောင်းနဲ့ တွေဆုံချင်ရင် တရားဝင်စာတင်ပြီး တွေ့ခွင့်တောင်းမှသာ တွေ့ဆုံနိုင်မယ်"လို့ ပြန်ပြောခဲ့ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013