DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ရေကန်ပေါက်၍ ၅ ဦး ရေထဲမျှောပါသေဆုံး၊ ပျောက်ဆုံးသူများကို ဆက်ရှာနေ
DVB
·
January 22, 2018
ဖားကန့်တွင် ရေကန်ပေါက်၍ ၅ ဦး ရေထဲမျှောပါသေဆုံး၊ ပျောက်ဆုံးသူများကို ဆက်ရှာနေ
Donate to DVB

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေကျေးရွာအနီးက မြဥယျာဉ် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီရဲ့ လုပ်ကွက်မှာ ဇန်န၀ါရီ ၂၀ ရက်နေ့က ရေကန်ပေါက်ကျမှုကြောင့် ၅ ဦး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မနေ့က ရေကန်ပေါက်ကျမှုကြောင့် သေဆုံးသွားတဲ့ အလောင်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ အရပ်ဘက် လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်း ရှာဖွေရာမှာ ရေမျောသေဆုံးနေတဲ့ အလောင်း ၅ လောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက “မနေ့က ဖော်လို့ရတာကတော့ ၅ လောင်းပေါ့။ ကုမ္ပဏီက ၂ လောင်းပါတယ်။ ၃ လောင်းက ရေမဆေး အလောင်း၊ လူပျောက်လာပြောထားတာက ရှစ်ယောက်ရှိတယ်။ ခုတွေ့တဲ့ ၅ လောင်းက ၁ လောင်းက ပိုင်ရှင်မရှိဘူး။ ခုပုံအတိုင်းဆို ပျောက်နေတာ ၉ ယောက်တောင် ဖြစ်မယ်ထင်တယ်” လို့ လို့ ပြောပါတယ်။

ဆယ်ယူရရှိတဲ့ အလောင်းတွေထဲမှာ ပျောက်ဆုံးနေတဲ့ ကုမ္ပဏီဝန်ထမ်း ၄ ဦးအနက် ၂ လောင်းပါဝင်ပြီး ကျန်တဲ့အလောင်း ၃ လောင်းကတော့ ရေမဆေးလုပ်သားတွေရဲ့ အလောင်းတွေ ဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက အတည်ပြုပြောဆိုခဲ့ပါတယ်။
မြဥယျာဉ် ကုမ္ပဏီတာဝန်ခံက  “ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပျောက်ဆုံးနေသေးတဲ့ ကုမ္ပဏီဝန်ထမ်း ၂ ဦးရဲ့ အလောင်းတွေကို ဆက်လက်ရှာဖွေမယ်” လို့လည်း ဒီဗွီဘီကို ပြောပါတယ်။

အလောင်းတွေကို ရှာဖွေရာမှာ ရွှံ့ရည်တွေ ဖြစ်နေတာကြောင့် စက်ယန္တရားတွေနဲ့ ရှာဖွေလို့မရပဲ လက်လှော်လှေငယ်တွေနဲ့ပဲ ရှာဖွေနေရတယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဇန်နဝါရီလ ၄ ရက်မှ ၂၀ ရက်နေ့အထိ အခုဖြစ်စဉ် အပါအဝင် မြေစာပြိုမှု၊ ကမ်းပါးပြိုမှု၊ ရေကန်ပေါက်ကျမှု ၄ ကြိမ်ဖြစ်ခဲ့ပြီး လူပေါင်း ၂၀ သေဆုံးခဲ့ပါတယ်။

သတင်း - ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013