DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားက ပြန်ဝင်လာသူများကို ကူးစက်ရောဂါ အဓိက စစ်မည်
DVB
·
January 22, 2018
ဘင်္ဂလားက ပြန်ဝင်လာသူများကို ကူးစက်ရောဂါ အဓိက စစ်မည်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာမယ့်သူတွေမှာ ကူးစက်ရောဂါ ရှိ မရှိ အဓိကထား စစ်ဆေးသွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောကနေ နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံ မယ့် ဇန်န၀ါရီ ၂၃ ရက် မတိုင်မီ ကျန်းမာရေးဌာနက ထုတ်ဖော်ပြောဆို လိုက်တာဖြစ်ပြီး ပြန်ဝင်လာမယ့်သူတွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားပြီး ပြန်ဝင်လာမယ့်သူတွေကို ကျန်းမာရေး စစ်ဆေးတဲ့နေရာမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့အတူ ကုလသမဂ္ဂအပါအ၀င် WHO လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တာဝန်ရှိသူတွေလည်း ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပါတယ်။

ပြန်လည်လက်ခံမယ့် ငါးခူရနဲ့ တောင်ပြိုလက်ဝဲစခန်းတွေမှာ ဆရာဝန်တဦး ဦးဆောင်တဲ့ ကျန်းမာရေးဝန်ထမ်မး ၁၁ ဦးပါအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးမှာ ဖြစ်ပါတယ်။

ပြန်ဝင်လာမယ့်သူတွေကို ကိုယ်အလေးချိန်တိုင်းတာတာ၊ အရပ်အမြင့် တိုင်းတာတာနဲ့ အာဟာရပြည့်ဝခြင်း ရှိ မရှိ တိုင်းတာတာတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြန်ဝင်လာသူတွေထဲ ရောဂါပြင်းထန်သူတွေနဲ့ အတွင်းလူနာတွေ ပါလာလို့ရှိရင် မောင်တောဆေးရုံးကို ပို့ဆောင်ကုသဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာသူတွေကို ငါးခူရနဲ့ တောင်ပြိုလက်ဝဲ စခန်းနှစ်ခုမှာ ပြန်လည်လက်ခံပြီးတဲ့နောက် ကြားစခန်းတခုဖြစ်တဲ့ လှဖိုးခေါင် စခန်းမှာ ဆက်လက်ထားရှိဦးမှာ ဖြစ်ပါတယ်။

အဲ့ဒီ လှဖိုးခေါင်ကြားစခန်းမှာလည်း ပြန်ဝင်လာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု အထူးလုပ်ဆောင်သွားဖို့ စီစဉ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မောင်တောဒေသနေ ဘင်္ဂါလီ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွာခဲ့ကြပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းထားချက်အရ ဇန်န၀ါရီ ၂၃ ရက်မှာ နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လည် လက်ခံမှာ ဖြစ်ပါတယ်။

မြန်မာဘက်က ကနဦးမှာ ဟိန္ဒူ ၅၀၈ ဦးနဲ့  စိစစ်ပြီး မွတ်ဆလင် ၇၅၀ ဦးကို ပြန်လည်လက်ခံမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013