DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အဆင့်မြင့်အိမ်ရာများ မြိတ်မြို့တွင် လာရောက်ပြသရောင်းချ
DVB
·
January 22, 2018
ရန်ကုန် အဆင့်မြင့်အိမ်ရာများ မြိတ်မြို့တွင် လာရောက်ပြသရောင်းချ
Donate to DVB

ရန်ကုန်မြို့မှ အဆင့်မြင့် အိမ်ရာနဲ့ လုံးချင်းအိမ်ရာ အရောင်းပြပွဲကို မြိတ်မြို့မှာ လာရောက်ပြသခဲ့ပါတယ်။

မြိတ်မြို့၊ တလိုင်းစုရပ်၊ ကမ်းနားလမ်းရှိ မြစည်းစိမ်ဟိုတယ်မှာ ဇန်နဝါရီ ၂၁ ရက်က Star City အိမ်ရာစီမံကိန်းနဲ့ ပန်းလှိုင်ဂေါက်ကွင်း လုံးချင်းအိမ်ရာစီမံကိန်းတွေ လာရောက်ပြသခဲ့တာ ဖြစ်ပြီး ဒေသခံလုပ်ငန်းရှင်တချို့ တက်ရောက်ခဲ့ကြပါတယ်။

စီမံကိန်းမန်နေဂျာ ဦးထွန်းထွန်းလင်းက “မြိတ်မှာ လာရောက်ပြသတာက ကျနော်တို့ Star City အိမ်ရာစီမံကိန်းအကြောင်း လာရောက် Share လုပ်တာပါ။ မြေဂရမ် နှစ် ၆၀ ပါဝင်တဲ့ အိမ်ရာစီမံကိန်းပါ။ အိမ်ဝယ်လိုက်တာနဲ့ မြေပါပိုင်ဆိုင်တဲ့ စီမံကိန်းမျိုးပေါ့။ ရေကူးကန်တွေ၊ အားကစားကွင်းတွေပါ ထည့်သွင်းထားတဲ့ စီမံကိန်းမျိုးပါ။ လုံးချင်းအိမ်ရာလေးတွေက နှစ်ခန်းတွဲ ပုံစံတွေ ပေ ၄၀ x ၁၀၀ ပါ” လို့ ပြောပါတယ်။

အဆိုပါစီမံကိန်းမှာ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေ လက်လှမ်းမမီတဲ့ စီမံကိန်းမျိုး ဖြစ်တယ်လို့ သိရပါတယ်။

"ကျနော်တို့က ဒေါ်လာနဲ့ တွက်ချက်ရောင်းမှာပါ။ အနိမ့်ဆုံးဒေါ်လာ ၆၂၀,၀၀၀ ကနေ ၈၃၅,၀၀၀ အထိ ရှိတဲ့အခန်းတွေပါ။ ရိုးမဘဏ်နဲ့ ချိတ်ဆက်ပြီး ကနဦး ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ၇ နှစ်ကနေ ၁၅ နှစ်အထိ အရစ်ကျသွင်းနိုင်ပါတယ်" လို့ ဦးထွန်းထွန်းလင်းက ဆိုပါတယ်။

ရန်ကုန်မြို့ တဖက်ကမ်း သန်လျင်မှာ တည်ဆောက်မယ့် အဆင့်မြင့်အိမ်ရာတွေနဲ့ လုံးချင်းအိမ်ရာတွေကို မြိတ်မြို့မှာ လာရောက်ပြသရောင်းချတာဖြစ်ပြီး ဒေသခံတွေကတော့ စိတ်ဝင်စားမှု မရှိကြဘူးလို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013