DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော် ဈေးသည်များ မူလနေရာ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်
DVB
·
January 21, 2018
မန်းရွှေစက်တော် ဈေးသည်များ မူလနေရာ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်
1 / 3
Donate to DVB

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၊ မန်းရွှေစက်တော်ဘုရား ဈေးသည် ၁၀၀ လောက်ဟာ မူလနေရာမှာ ပြန်လည်ရောင်းချခွင့်ရရေးအတွက် ဒီနေ့မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“ဆန္ဒပြတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဈေးသည်တွေ နှစ်စဉ်ရောင်းနေကျ နေရာကို သံဇကာခတ်လိုက်တော့ ဈေးရောင်းလို့ မရဘူး။ အဓိကတော့ မကွေးတိုင်းဝန်ကြီးချုပ်နဲ့ လူမှုရေးဝန်ကြီးကို ပြတာပါ။ ဈေးသည်တွေရဲ့ အခက်ခဲ အကျပ်တည်းကို ဖြေရှင်းပေးဖို့ ဒီလ ၁၃ ရက်နေမှာ ဆန္ဒဖော်ထုတ်ပြီး ဖြစ်တယ်။ အခုချိန်ထိ ညှိနှိုင်းဖြေရှင်းမှုမရှိလို့ နောက်တစ်ကြိမ်ထပ်ပြရတာဖြစ်တယ်။ ဆန္ဒပြတယ်ဆိုတာ ကျေနပ်မှုမရှိလို့ ပြကြတာဖြစ်တယ်။ ဝန်ကြီးချုပ်အနေနဲ့ ဖြေရှင်းမှု မရှိဘူးဆိုရင် ဆန္ဒပြပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေ ထပ်မံပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ဈေးသည်တွေ လက်မှတ်ထိုးပြီး စာတင်သွားမှာပါ”လို့ ဆန္ဒပြရာမှာ ဦးဆောင်သူ ဈေးသည် ဦးအောင်တင်က ဒီဗွီဘီကိုပြောပါတယ်။

မန်းရွှေစက်တော်ဘုရား ဥက္ကဋ္ဌ ဦးသိန်းလှိုင်က “ကျနော်တို့က ဂေါပကဆိုတော့ ဂေါပကအလုပ် လုပ်ရတာပေါ့ဗျာ။ သူတို့ကလည်း မကျေနပ်တာရှိတော့ ဆန္ဒထုတ်ဖော်တာပေါ့။ မန်းရွှေစက်တော်ဘုရားကြီးဆိုတာ မကွေးတိုင်းရဲ့ ဂုဏ်ဆောင် မြန်မာပြည်ရဲ့ ကျက်သရေဆောင်ဆိုတော့ ကမ္ဘာ အဆင့်မီ ဖြစ်အောင် ဂေါပကအဖွဲ့တွေက စိတ်အားထက်သန်စွာနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုချက်နဲ့ လုပ်တယ်။ အပြောင်းအလဲတခုမှာ သူတို့က လိုက်ပါပြီး မပြောင်းချင်တာပေါ့။ သံဇကာ ကပ်တယ်ဆိုတာကလည်း စောင်းတန်းတက်တဲ့ ဘုရားဖူးပြည်သူတွေအနေနဲ့ အလင်းရောင်ရမယ်။ လေကောင်းလေသန့်ရမယ် အောက်ကပွဲဈေးခင်းတဲ့က ကြည့်လိုက်လို့ရှင်ရင် ထရံစုတ်နဲ့ ကာထားတွေ အရောင်အဆင်းအမျိုးမျိုးနဲ့ အဲလိုတွေ ကြည့်လို့မကောင်း ဆိုတော့ ညာဘက်ခြမ်းကို သံဇကာကပ်တယ်၊ ညာဘက်ခြမ်းကဈေးဆိုင်ကို ဘယ်ဘက်ခြမ်းကို ပြောင်းပေးမယ်။ ဆိုင်နေရာလည်း မပျောက်ဘူး။ သူတို့ထမင်းအိုးကို ရိုက်ခွဲတာ မဟုတ်ပါဘူး။ ဆယ်ပေဆယ်ငါးပေလောက် နေရာလေး ရွှေ့ဖို့ဟာကို သူတို့က အရိုးစွဲပြီးတော့ မရွှေ့ချင်တဲ့။ အတ္တကြီးတဲ့ ဖြစ်ရပ်ကလေး ဖြစ်ပါတယ်"လို့ ဆိုပါတယ်။

မန်းရွေစက်တော်ဘုရားပွဲတော်နှင့် လှေတင်တံတားဖွင့်ပွဲကို မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုယ်တိုင် ဒီကနေ့ လာရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ "ဈေးသည်များ၏ အခက်ခဲကို ဝန်ကြီးချုပ်ကိုတိုင် ဖြေရှင်းပေးရေး-ဒိုအရေး" ကြွေးကြော်သံတွေနဲ့ မကွေးတိုင်းဝန်ကြီးချုပ် အပြန်လမ်းကို စောင့်ဆိုင်းဆန္ဒဖော်ထုတ်နေကြတယ်လို့ သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013