DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်သမားများ မြှုပ်နှံထားသည့် လက်လုပ်မိုင်းတွေ့ရှိ
DVB
·
January 21, 2018
မောင်တောတွင် အကြမ်းဖက်သမားများ မြှုပ်နှံထားသည့် လက်လုပ်မိုင်းတွေ့ရှိ
Donate to DVB

 

မောင်တောမြို့နယ်၊ ဘဒကာဒေ၀ါနဒီကျေးရွာဟောင်းအတွင်းရှိ နေအိမ်ခြံဝင်းအတွင်းမှ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ မြှုပ်နှံထားတဲ့ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘဒကာဒေ၀ါနဒီကျေးရွာအနီးမှာ မနေ့က မိုင်းတစ်လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေရာ အဆိုပါကျေးရွာ၏မြောက်ဘက် မီတာ ၃၀၀ လောက်အကွာရှိ နေအိမ်ခြံဝင်းအတွင်းမှ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ ကားပစ္စတင်နဲ့ ပြုလုပ်ထားတဲ့ ၀ါယာရှော့ခ်လက်လုပ်မိုင်းဟောင်းတလုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေရာတ၀ိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013