DVB Logo
Home
မြန်မာသတင်း
အထက ၁ ဒဂုံကျောင်းကို ရှေးဟောင်းအဆောက်အုံ ကမ္ပည်းပြား တပ်ဆင်
DVB
·
January 21, 2018
အထက ၁ ဒဂုံကျောင်းကို ရှေးဟောင်းအဆောက်အုံ ကမ္ပည်းပြား တပ်ဆင်
1 / 7
Donate to DVB

 

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နဲ့ Royal Philips Corporation တို့ပူးပေါင်းပြီး အထက (၁) ဒဂုံ အထက်တန်းကျောင်းကို ၂၁ ခုမြောက် ရှေးဟောင်းဆောက်အအုံ ကမ္ပည်းပြား တပ်ဆင်ခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ သမိုင်းဝင် အထင်ကရ အဆောက်အအုံတွေကို အများပြည်သူ ပိုမိုသိရှိပြီး တန်ဖိုးထားတတ်စေဖို့ ရည်ရွယ်ကာ အပြာရောင်ကမ္ပည်းပြားတွေ တပ်ဆင်ပေးနေတာပါ။

နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီး ရန်ကုန်မြို့ရဲ့ နာမည်ကျော်ထင်ရှားတဲ့ အထက်တန်း ကျောင်းတွေထဲက တစ်ကျောင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ မက်သဒစ် အထက်တန်းကျောင်း ခေါ် အထက (၁) ဒဂုံ စာသင်ကျောင်းဟာ ကိုလိုနီခေတ်လက်ထက်က ဆောက်လုပ်ခဲ့တဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

အမွေအနှစ် အဆောက်အအုံ စာရင်းကောက်ယူရာမှာ လက်ရှိ လူနေအိမ်တွေလည်း ပါဝင်ပြီး ရှေးဟောင်းအဆောက်အအုံတိုင်း စာရင်းကောက်ယူတာ မဟုတ်ဘဲ သမိုင်းဝင် အဆောက်အအုံတွေကိုသာ စာရင်းကောက်ယူကာ ကမ္ပည်းပြား ၁ဝဝ မှ ၂ဝဝ အထိ တပ်ဆင်သွားမယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013