DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့တာဝန် ထမ်းဆောင်နိုင်မည့် မျိုးဆက်သစ်များပေါ်ထွန်းရေး လူငယ်ညီလာခံများ ကျင်းပ
DVB
·
January 21, 2018
နိုင်ငံ့တာဝန် ထမ်းဆောင်နိုင်မည့် မျိုးဆက်သစ်များပေါ်ထွန်းရေး လူငယ်ညီလာခံများ ကျင်းပ
1 / 4
Donate to DVB

 

နိုင်ငံတော်အတွက် နောင်တချိန်မှာ ပခုံးပြောင်းတာဝန်ထမ်း ဆောင်ကြမယ့် လူငယ်တွေ ပေါ်ထွက်လာရေးနဲ့ ပါတီ၏လုပ်ငန်းစဉ်မူဝါဒ၊ ရွေးကောက်ပွဲကြေညာစာတမ်းတွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့၊ အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ညီလာခံတွေ ကျင်းပနေပါတယ်။

မွန်ပြည်နယ်လူငယ်ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းဇော်က "မျိုးဆက်သစ်လူငယ်တွေဆိုတာ တစ်ချိန်ကျရင် နိုင်ငံရဲ့တာဝန်တွေကို ပြောင်းလဲထမ်းဆောင်ရ မယ့် သူတွေပါ။ ဒီနေ့ပွဲက လူငယ်လုပ်ငန်းအဖွဲ့ကို ဒီမိုကရေစီနည်းကျကျရွေးချယ်ကြမှာပါ။ ပြီးရင် ခရိုင်အဆင့်၊ ပြည်နယ်အဆင့်ရွေးချယ်မယ်။ မြို့နယ်အဆင့် လူငယ်ညီလာခံတွေလုပ်ပြီးရင် ခရိုင်အဆင့်၊ ပြည်နယ်အဆင့်ဆက်လုပ်မှာပါ။ လူငယ်တွေဟာ နိုင်ငံရေးအကြောင်းကို ထဲထဲဝင်ဝင်သိလာမှ နောင်တချိန်မှာ နိုင်ငံကို ကောင်းမွန်လာအောင် ဘယ်လိုတွေ စီမံ ဆောင်ရွက်နိုင်မလဲဆိုတာ သိလာမှာပါ။ ပါတီရဲ့မျိုးဆက်သစ်အင်အားတွေဆိုတာက နိုင်ငံအတွက် အင်အားတွေဖြစ်လာဖို့ပါ'” လို့ ဒီဗွီဘီကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်လူငယ်ညီလာခံကို မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်ရှိ မြို့တော်ဦးဘုန်းတော်ကြီးကျောင်းမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးကော်မရှင် (မွန်ပြည်နယ်) အနေနဲ့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ် တို့မှာ လူငယ်ညီလာခံတွေကို ကျင်းပပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ မြို့နယ်တွေမှာလည်း ဆက်လက်ပြုလုပ်ပေးသွားဖြစ်တယ်လို့ သိရပါတယ်။

ညီလာခံကိုတက်ရောက်လာတဲ့ ကတွန်ကျေးရွာမှ မဒေဝီမွန်က "သမီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကို ဒီနှစ်မှဝင်ရောက်ဖြစ်ခဲ့တာပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က လူထုအကျိုးကိုဆောင်ရွက်ပေးရင်း နိုင်ငံရေးကို စိတ်ဝင်စားလို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့လည်း ဒီလိုညီလာခံမျိုးကို များများတက်စေချင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးကို စိတ်ဝင်စားလာမှ ကိုယ့်နိုင်ငံရဲ့အကျိုးကို ကိုယ့်လူမျိုးရဲ့အကျိုးကို ပိုမိုဆောင်ရွက်လာနိုင်မှာပါ” လို့ပြောပါတယ်။

ဒုတိယအကြိမ်လူငယ်ညီလာခံပြုလုပ်ရာမှာ ပေါင်မြို့နယ်အတွင်းရှိ လူငယ်လုပ်ငန်း ကော်မတီအဖွဲ့ဝင်တွေအဖြစ် အဖွဲ့ဝင် ၁၉ ဦး၊ အရံ ၁၀ ဦး၊ ခရိုင်အဆင့် ကိုယ်စားလှယ်လောင်း ၁၅ ဦးနဲ့ပြည်နယ်အဆင့်ကိုယ်စားလှယ်လောင်း ၇ ဦးတို့ကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013