DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်အတွင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများ ရာသီဥတုကြောင့် အခက်ကြုံ
DVB
·
January 21, 2018
ဖြူးမြို့နယ်အတွင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများ ရာသီဥတုကြောင့် အခက်ကြုံ
Donate to DVB

ဖြူးမြို့နယ်အတွင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူတွေ အခုနှစ်ရာသီမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မိုးများခဲ့တာကြောင့် အုတ်ဖုတ်လုပ်ငန်းစတင်ချိန် နောက်ကျပြီး အရင်နှစ်ကလို ရောင်းဝယ်မှုတွေ မပြုလုပ်ရသေးကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။

အုတ်ဖုတ်လုပ်ငန်ကို ပုံမှန် နိုဝင်ဘာလမှာ လုပ်ငန်းစတင်ခဲ့ကြပေမယ့် အခုနှစ် မိုးမပြတ်တဲ့အတွက် တလလောက် နောက်ကျခဲ့တယ်လို့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူဦးဖိုးသဲက “ဒီနှစ်ကတော့ မိုးလေဝသက ခက်ခဲနေတော့ ဘာမှကိုလုပ်လို့မရဘူး။ နေက မပူဘူးလေ။ အခုမှ အုတ်ပြန်ဖိုရတယ်။ အခုမှဖိုတစ်ဝက်ပဲ ကုန်သေးတယ်။ မနှစ်ကဒီအချိန်ဆို နှစ်ဖိုလောက် ရောင်းပြီးသွားပြီ။ နေပြန်ပူမှ အလုပ်လုပ်လို့ ရတာလေ။ နေလှန်းလိုက် ပြန်ရုပ်လိုက်နဲ့ အဲ့ဒီလိုလုပ်နေရတာ။ ဒီလုပ်ငန်းကလည်း ရာသီဥတုမကောင်းရင် ဘာမှလုပ်လို့မရဘူး။ ဒီနှစ် မိုးက များတော့ နှစ်လသုံးလလောက်ကို နောက်ကျသွားတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ လက်နဲ့လုပ်တဲ့ အုတ်နဲ့ စက်နဲ့လုပ်တဲ့ အုတ်နှစ်မျိုးရှိကာ လက်အုတ်ကိုသာ အသုံးများပြီး အုတ်တစ်လုံးကို ၁၀၀ ကျပ်နှုန်းအရောက်ပို့ စနစ်နဲ့ ရောင်းချကြောင်း၊ အုတ်ဖုတ်ရာမှာ စပါးခွံမီးကိုသာ အသုံးပြု လုပ်ကိုင်ကြပြီး ရာသီဥတုကြောင့် အုတ်လုပ်ငန်းတွေလည်း ပျက်စီးတတ်ကြောင်းနဲ့ ရာသီပေါ်လုပ်ငန်းဖြစ်တာကြောင့် အခုလို ရာသီဖောက်ပြန်တဲ့ နှစ်မှာ ဆုံးရှုံးတာတွေ ရှိတယ်လို့ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးစံလွင်က ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ၃၀ ကျော်ရှိပြီး အများစုမှာ လက်အုတ်လုပ်ငန်းလုပ်ကိုင်းသူတွေဖြစ်ပြီး သုံးစွဲသူအများစုကလည်း လက်အုတ်တွေကိုသာ ကြိုက်နှစ်သက်တာများတယ်လို့ သိရပါတယ်။

ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013