DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့ သဖန်းရွာ  စက်ချုပ်လုပ်ငန်းများ တိုးချဲ့ရန် SME ချေးငွေလိုအပ်နေ
DVB
·
January 21, 2018
ဝမ်းတွင်းမြို့ သဖန်းရွာ  စက်ချုပ်လုပ်ငန်းများ တိုးချဲ့ရန် SME ချေးငွေလိုအပ်နေ
Donate to DVB

 

ဝမ်းတွင်းမြို့နယ် သဖန်းရွာမှာ မြန်မာနိုင်ငံတဝှမ်းကို ရောင်းချနေတဲ့ အင်္ကျီမျိုးစုံကို အမျိုးသမီးအများစု လုပ်ကိုင်နေကြပြီး ဝင်ငွေကောင်းရတဲ့ လုပ်ငန်းကို တိုးချဲ့လုပ်ဖို့ အသေးစားအလတ်စားလုပ်ငန်း SME ချေးငွေ လိုအပ်နေတယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ စက်ချုပ်လုပ်ငန်းရှင်များက ပြောပါတယ်။

သဖန်းရွာခံ စက်ချုပ်လုပ်ငန်းရှင် ကိုအေဝမ်းက “ရာသီအလိုက် အင်္ကျီမျိုးစုံချုပ်ပါတယ်။ အခုကတော့ အနွေးထည်မျိုးစုံ ချုပ်နေတာပါ။ တနိုင်ငံလုံးက အဝတ်အစားဆိုင်တွေကို ရောင်းပါ တယ်။ လျှပ်စစ်မီးရနေတော့ အင်္ကျီပုံကိုက်တာ ချုပ်တာတွေအားလုံး မော်တာပါတဲ့စက်နဲ့ လုပ်တယ်။ အလုပ်လုပ်နေတဲ့သူ အများစုကတော့ အမျိုးသမီးတွေပါပဲ။ မြို့ကြီးတွေမှာတော့ စက်ရုံကြီးတွေပေါ့။ ဒီမှာတော့ အိမ်တိုင်းမှာ စက်ချုပ်ကြတယ်။ အရင်းနှီးပေါ်မူတည်ပြီး အမြတ်ဆိုတာရှိတော့ အသေးစားအလတ်စားလုပ်ငန်းချေးငွေ ရချင်တယ်။ အခုတော့ သမဝါယမ ချေးငွေရတယ်၊ ၁၅ သိန်းလောက်ဆိုတော့ နည်းနေတယ်။ အတိုးနည်းနည်းနဲ့ SME က ချေးပေးမယ်ဆို ကျေးလက်စက်ချုပ်လုပ်ငန်းတွေ ပိုတိုးတက်လာပြီး ကျေးလက်ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း ပိုရှိလာမယ်။ တခြားနိုင်ငံတွေ သွားလုပ်စရာမလိုတော့ဘူးပေါ့” လို့ ပြောပါတယ်။

စက်ချုပ်နေတဲ့ မဇင်မာနန်းက “တနေ့ကို ၈ နာရီလောက်ပဲ လုပ်ရတယ်။ သဖန်းဈေးနေ့မှာ ဘယ်သူမှ အလုပ်မလုပ်ဘူး။ ၄ ရက်လုပ် ၁ ရက်နားတယ်။ တနေ့ကို ၁ သောင်းကျော် လောက်တော့ ဝင်ငွေရှိပါတယ်။ ၃ ယောက်မှာ ၂ ယောက်လောက်ကတော့ မိန်းကလေးတွေ လုပ်နေတာပါ။ အလုပ်ရှင်အလုပ်သမားတွေ ဆက်ဆံရေးက မိသားစုလိုပါပဲ၊ အမျိုးသမီးတွေ အလုပ်ရနေတဲ့ ကျေးလက်လုပ်ငန်းလေးပါ။ ပိုပြီးတိုးတက်လာအောင် လုပ်ပေးစေချင်တယ်”လို့ ပြောပါတယ်။

ရွာအုပ်ချုပ်ရေးရုံးက ကိုသာဆန်းက “သဖန်းရွာညောင်ဇောက်ရွာကတော့ အဓိကပေါ့။ ဘေးပတ်ဝန်ကျင်ရွာတွေလည်း လုပ်ကြတယ်။ SME ချေးငွေရချင်နေကြတယ်။ သမချေးငွေတော့ ရကြတယ်။ ပိတ်စတွေ တခါဝယ်ရင် ၁၂ ဘီကား ၂ စီး ၃ စီးစာလောက် ၀ယ်ကြတာပေါ့။ ငွေသိန်းရာကျော်ရင်းရတဲ့ လုပ်ငန်းပါ” လို့ ပြောပါတယ်။

သဖန်းရွာက ဝမ်းတွင်းမြို့နယ်ဘက်မှာရှိပြီး လမ်းသာခြားထားတဲ့ ညောင်ဇောက်ရွာက မိတ္ထီလာနယ်ဘက်မှာ ရှိနေပါတယ်။ ၂ ရွာပေါင်းအိမ်ခြေ ၁၅၀၀ လောက်ရှိပြီး လူဦးရေ ၇၀၀၀ လောက်ရှိပါတယ်။

အားကစားဝတ်စုံ၊ အသင်းအဖွဲ့ဝတ်စုံ၊ ယူနီဖောင်းတွေ၊ ဂျာကင်၊ အနွေးထည်တွေ၊ ကလေးတွေအတွက် ရာသီအလိုက်ဝတ်စုံတွေလည်း ချုပ်ကြပါတယ်။ ပိတ်စတွေကတော့ တရုတ်နိုင်ငံက အများဆုံးဝယ်ယူရပါတယ်။

စက်ချုပ်လုပ်ငန်းတွေ အခုထက် ပိုလုပ်နိုင်အောင်၊ ကျေးလက်နေပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း ပိုရရှိစေဖို့ SME ချေးငွေရယူချင်နေကြတာ ဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013