DVB Logo
Home
မြန်မာသတင်း
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပ
DVB
·
January 21, 2018
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပ
1 / 4
Donate to DVB

 

နေပြည်တော်မှာရှိတဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးမှာ ပထမအကြိမ်အဖြစ် မဟာပရိတ်တော်နဲ့ မဟာပဋ္ဌာန်း ဒေသနာတော် ရွက်ဖက်ပူဇော်ပွဲနဲ့ မဟာသံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို ဇန်န၀ါရီ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

မဟာပရိတ်တော်နဲ့ မဟာပဋ္ဌာန်းဒေသနာတော် ရွက်ဖက်ပူဖော်မှုတွေ ဇန်န၀ရီလ ၁၇ ရက်နေ့ကတည်းက ပြုလုပ်ခဲ့ပြီး ဒီကနေ့မှာတော့ သံဃာ အပါး ၁ သောင်းကို ဆွမ်းဆန်စိမ်းတွေ လောင်းလှူခဲ့ကြတာဖြစ်ပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နေပြည်တော် ကောင်စီ ၈ မြို့နယ်က သံဃာတော်တွေနဲ့ ရမည်းသင်းမြို့၊ တောင်ငူမြို့တွေက သံဃာတော်တွေ ကြွရောက်ခဲ့ကြပါတယ်။

သံဃာအပါး တစ်သောင်း ငါးထောင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း သံဃာအပါး ၂ သောင်းကို ဆွမ်းဆန် စိမ်း လောင်းလှူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013