DVB Logo
Home
မြန်မာသတင်း
ရခိုင်အခြေအနေ နိုင်ငံတကာသိအောင် ဆောင်ရွက်ပေးမည်ဟု ရုရှကာကွယ်ရေးဝန်ကြီး ပြော
DVB
·
January 21, 2018
ရခိုင်အခြေအနေ နိုင်ငံတကာသိအောင် ဆောင်ရွက်ပေးမည်ဟု ရုရှကာကွယ်ရေးဝန်ကြီး ပြော
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာက သိအောင် ရုရှနိုင်ငံပိုင် မီဒီယာတွေက ဆောင်ရွက်ပေးမယ်လို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံတုန်းမှာ ပြောခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး K.SHOIGU ဟာ မနေ့ နေ့လယ်ပိုင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးက ရခိုင်ဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ဟာ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တာတွေ ရှိတယ်လို့ ယူဆကြောင်း၊ အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံသားတွေ အားလုံး နည်းလမ်းရှာဖွေ ဆောင်ရွက်ရမှာ ဖြစ်ပြီး အခက်အခဲတွေ ရှိကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေမှန်တွေကို နိုင်ငံတကာက သိအောင် ရုရှနိုင်ငံပိုင်မီဒီယာက ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနဲ့ ရုရှားဟာ အလှမ်းဝေးကွာပေမယ့် ထူးခြားတဲ့ ဆက်ဆံရေးတွေ ရှိနေကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ပိုပြီးတိုးမြှင့်ဖို့ လိုပြီး ရုရှားအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ မျက်နှာစာမှာ မြန်မာဘက်က ရပ်တည် ဆောင်ရွက်ပေးတာတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

ပြီးတော့ အခုလို ရုရှားက ထောက်ခံအားပေးပြီး အတူယှဉ်တွဲနေထိုင်တာဟာ ရှေ့ဆက်ဆောင်ရွက်ဖို့ အားတခု ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတို့ဟာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စတွေ၊ လေ့ကျင့်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်(ရေ)နှစ်ရပ်အကြား စစ်သင်္ဘောတွေ အပြန်အလှန် လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးတွေ အပြန်အလှန်လည်ပတ်ရေးနဲ့ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ပြီးတော့ မြန်မာ့တပ်မတော်နဲ့ ရုရှတပ်မတော်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ထုတ်ပြန် ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013