DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူတွင် တရားမ၀င်သစ်တင်ယာဉ်တစီး ရေမြောင်းအတွင်းထိုးကျ၊ ၃ ဦး သေဆုံး
DVB
·
January 21, 2018
ပွင့်ဖြူတွင် တရားမ၀င်သစ်တင်ယာဉ်တစီး ရေမြောင်းအတွင်းထိုးကျ၊ ၃ ဦး သေဆုံး
Donate to DVB

 

တရားမဝင်​ သစ်​ခွဲသားတွေတင်​လာ​တဲ့ ၆ ဘီးယာဉ်​တစီးဟာ ပွင့်ဖြူမြို့နယ်အတွင်းမှာ  ဇန်နဝါရီ ၂၀ ရက်နေ့မနက်​ ၃ နာရီခွဲက မုန်း​​မြောင်းမကြီး​ဘောင်​​ပေါ်ကနေ​ ​မြောင်းအတွင်းထိုးကျပြီး ယာဉ်ပေါ်လိုက်​ပါလာသူ ၃ ဦး ​သေဆုံး​ခဲ့ပါတယ်​။

မဲဇလီ ​ကျေးရွာ​​နေ ​ကျော်​ထက်​ဦး ​မောင်းနှင်​လာပြီး တရားမဝင်​ သစ်ခွဲသား ၁.၅ တန်​ ​တင်​​ဆောင်​လာ​တဲ့ အဝါ​ရောင်​ ၆ ဘီးတပ်​ စက်​မှုဇုန်ဆင်​ကား ​မော်​​တော်​ယာဉ်​ဟာ မဲဇလီ-​ရှောက်​​တော ​ကျေးရွာသွား ​မြောင်း​ဘောင်​အတိုင်း ​မောင်းနှင်​လာချိန် ​ရေ​မြောင်းအတွင်း  ထိုးကျတိမ်း​မှောက်​ခဲ့တာပါ။  

ယာဉ်​​ပေါ်ပါသူ ၅ ဦးအနက်​ မဲဇလီ​ကျေးရွာ၊ ပွင့်ဖြူ​မြို့နယ်​နေ စိုးမင်း​အောင်​နဲ့ လယ်​မ​ကျေးရွာ ပွင့်ဖြူမြို့နယ်နေ မောင်​​အေးတို့ သစ်ခွဲသားတွေပိပြီး  ​ရေနစ်​​သေဆုံး​​ခဲ့ပါတယ်။

ဒါ့အပြင် လယ်​မ​ကျေးရွာနေ ကိုကို​အောင်ကတော့ ဆီးခုံ​ရောင်​ ​သေဆုံးခဲ့ပြီး ယဉ်​​မောင်း​ကျော်​ထက်​ဦးနဲ့ ကျန်​တဦးက ထိခိုက်​ဒဏ်​ရာ ရရှိခဲ့​ကြောင်း ပွင့်ဖြူမြို့မ ရဲစခန်းက ဆိုပါတယ်။

ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး  ယဉ်​​မောင်း​ကျော်​ထက်​ဦးကို ပွင့်ဖြူမြို့မရဲစခန်းက ယာဉ်​မဆင်​မခြင် ​​မောင်းနှင်​​သေဆုံးမှု ရာဇသတ်​ကြီးပုဒ်​မ  ၃၀၄-က/၃၃၈/၃၃၇ တို့နဲ့ စစ်​​ဆေးအ​ရေးယူထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013