DVB Logo
Home
မြန်မာသတင်း
ရာဇဂြိုဟ်တွင် အကျည်းသားအချင်းချင်း ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး
DVB
·
January 20, 2018
ရာဇဂြိုဟ်တွင် အကျည်းသားအချင်းချင်း ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီးက မော်လိုက်ကလေး အကျဉ်းထောင် လက်အောက်ခံ ရာဇဂြိုဟ် စိုက်မွေးစခန်း အမှတ် ၂ မှာ အကျည်းသားအချင်းချင်း စကားများ ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ခဲ့လို့ ၁ ဦး သေဆုံးသွားပါတယ်။

ဇန်န၀ါရီ ၁၈ ရက်နေ့က အကျဉ်းသားတွေကို စိုက်မွေးစခန်းမှာ ဘုတ်ထုတ်စဉ် မူးယစ်မှုနဲ့ ထောင်ကျနေသူ အချင်းချင်း စကားများရန်ဖြစ်ခဲ့ရာမှ လုပ်ငန်းသုံး ဓားချွန်ထိုးမှု ဖြစ်ပွားခဲ့တာလို့ ကလေးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။

"ဖြစ်တာကတော့ ညနေ ၆ နာရီလောက်မှာ ဖြစ်တာ။ ဒါပေမယ့် စခန်းကိုတော့ ည ပိုင်းမှ လာအသိပေးတယ်။ အဲ့ဒါနဲ့ ချက်ချင်း တရားခံကို စုံစမ်းနေတယ်။"

ဓားထိုးမှုကြောင့် သေဆုံးခဲ့သူဟာ အကျဉ်းသား ထွန်းမြိုင်(ခ) ကုလားဆိုသူဖြစ်ပြီး ဒဏ်ရာနဲ့ ကလေးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စဉ် ဆေးရုံအရောက်မှာ သေဆုံးခဲ့တာပါ။

ဓားထိုးမှုကို ကျူးလွန်ခဲ့တဲ့ အကျဉ်းသားကတော့ မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ ကလေးမြို့ သာစည်ရွာက ကိုလေးဆိုသူ ဖြစ်ကာ အခင်းဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

အဲဒီအတွက် စိုက်မွေးစခန်းတာဝန်ခံ ဦးဝင်းမြင့် ကနေပြီး တရားလိုပြုပြီး ကလေးမြို့မစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။

ခုလို ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုဟာ ကလေးမြို့အတွင်း ၂၀၁၈ ခုနှစ်အတွက် ပထမဆုံးအမှုကြီး တခုဖြစ်ပြီး ထွက်ပြေးအကျဉ်းသား သာစည်ကျေးရွာမှာနေတဲ့ ကိုလေးကို ဖမ်းမိနိုင်ရေး ကလေးမြို့မရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013