DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို သတ်မှုဖြင့် တပ်ရင်းမှူးအပါ ၆ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်
DVB
·
January 20, 2018
ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို သတ်မှုဖြင့် တပ်ရင်းမှူးအပါ ၆ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်
1 / 3
Donate to DVB

ကချင် စစ်ရှောင်ဒုက္ခသည်တွေကို သတ်ဖြတ်တဲ့အတွက် တပ်ရင်းမှူးအပါအဝင် အရာရှိနဲ့ စစ်သည်တွေကို တပ်က ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မန်စီမြို့နယ်၊ မိုင်းခေါင် စစ်ရှောင်စခန်းက စစ်ဘေးဒုက္ခသည် ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့လို့ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာဦးနဲ့ ဗိုလ်ကြီး ၂ ယောက်၊ ဗိုလ် ၁ ယောက်နဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက်တို့ကို စစ်ခုံရုံးက စီရင်ဆုံးဖြတ်လိုက်တာပါ။

ဒီလို ဆုံးဖြတ်တာကို မန်စီမြို့ ခမရ ၃၁၉ မှာ ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားတဲ့ အရပ်သားတွေ လာရောက်ကြည့်ရှုဖို့ကိုလည်း ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းခေါင်စစ်ရှောင်စခန်းက ဦးနော်မိုင်က “မနေ့ညနေ ၆ နာရီလောက်မှာ တိုင်းမှူးရဲ့ အမိန့်ကို ဖတ်ပြတယ်။ အားလုံးသူကို တပ်က ရာသက်ပန်ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ်စီချလိုက်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့က မိုင်းခေါင် ကက်သလစ်စစ်ရှောင်စခန်းမှာ နေတဲ့ နေ့စားအလုပ်သမား လဗျနော်ခွမ်၊ မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်တို့ ပြန်မရောက်လာလို့ စုံစမ်းရာမှာ တပ်က ဖမ်းသွားတယ်ဆိုတာ သိခဲ့ရတာပါ။

“သူတို့နဲ့အတူ ဖမ်းခေါ်ခံရတဲ့ ဦးလနန်ကို သွားမေးတော့ တပ်က ခေါ်သွားတယ်ဆိုတာ သိရတယ်။ ဦးလနန်ကတော့ ပြန်လွတ်လာတာ။ တပ်ရင်းမှူးကို သွားပြောတော့ မသိဘူး ပြောတယ်။ ဒါနဲ့ ကျနော်တို့ လိုက်ရှာတော့ စခန်းနဲ့ ၅ မိုင်လောက်ဝေးတဲ့ ခပရာတောင်ခြေနားမှာ အလောင်းတွေတွေ့တယ်။ အင်ခွန်ဂမ်အောင်မှာ ရင်ဘတ်မှာ သေနတ်ဒဏ်ရာရှိတယ်။ အားလုံးသူမှာ ဓားဒဏ်ရာတွေရှိတယ်။ ခေါင်းတွေ ကြေမွနေတယ်” လို့ ဦးနော်မိုင်က ပြောပါတယ်။

[caption id="attachment_249354" align="aligncenter" width="800"] အသတ်ခံရသည့် အင်ခွန်ဂမ်အောင်၏ ကျန်ရစ်သူ မိသားစု(ဓာတ်ပုံ-Kachinwaves)[/caption]

 

သတ်ခံရသူတွေရဲ့ ဓာတ်ပုံတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပို့ပေးလိုက်ပြီး သူကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီကို သတင်းပို့ကြောင်း၊ အဲဒီညမှာပဲ ခမရ ၃၁၉ က တပ်ရင်းမှူးက လွဲလို့ လက်ရှိ ပြစ်ဒဏ်ချခံရသူတွေကို ဗန်းမော် စကခက လာခေါ်သွားတယ်လို့လည်း သူက ပြောပါတယ်။

“သူတို့ကို စစ်ဆေးပြီး တပ်ရင်းမှူးလည်း ပါတယ်ဆိုတာ သိလို့နဲ့ တူတယ်။ နောက်ပိုင်းမှာ သူ့ကိုလည်း လာခေါ်သွားတယ်။ ထွက်ဆိုချက်တွေအရတော့ အင်ခွန်ဂမ်အောင်က သေနတ်ပစ်ပုံကိုမေးလို့ တပ်သားဖြိုးကိုက ပြရင်း မတော်တဆကျည်ထွက်ပြီး သေတာလို့ ပြောတယ်။ နောက် ကျန်တဲ့ ၂ ယောက်ကိုလည်း သတ်ပစ်လိုက်တယ်လို့ဆိုတယ်” လို့ ဆက်ပြောပါတယ်။

[caption id="attachment_249356" align="aligncenter" width="800"] အသတ်ခံရသည့် မရန်ဘရန်ဆိုင်း၏ ကျန်ရစ်သူမိသားစု(ဓာတ်ပုံ-Kachinwaves)[/caption]

မိုင်းခေါင်စစ်ရှောင်စခန်းဟာ တိုက်ပွဲတွေကြောင့် ၂၀၁၃ ဝန်းကျင်ကတည်းက မန်စီမြို့နယ်ထဲက ဒေသခံတွေ ထွက်ပြေးခိုလှုံနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013