DVB Logo
Home
မြန်မာသတင်း
စာချုပ်ပါ အချက်လက်များ လိုက်နာပေးရန် အထည်ချုပ်စက်ရုံအလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ
DVB
·
January 20, 2018
စာချုပ်ပါ အချက်လက်များ လိုက်နာပေးရန် အထည်ချုပ်စက်ရုံအလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ
Donate to DVB

 

အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ပါ အချက်အလက်တွေအပါအဝင် တည်ဆဲအလုပ်သမားဥပဒေတွေကို တိတိကျကျလိုက်နာပေးဖို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန် KGG အထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ လောက် ဆန္ဒပြတောင်းဆိုနေပါတယ်။

KGG အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ဇန်နဝါရီလ ၁၇ ရက်နေ့ကစပြီး တောင်းဆိုချက် ၁၃ ချက်နဲ့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်တောင်းဆိုနေတာပါ။

KGG အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မအိသန္ဒာက “အဓိကက အလုပ်သမားတွေကို EC စာချုပ်မှာ ပါတဲ့အတိုင်း မလိုက်နာပဲ အလုပ်က ထုတ်ပယ်တဲ့ ကိစ္စပါ။ ကျမတို့ စက်ရုံက EC ချုပ်ထားပြီးသားဖြစ်တဲ့ ဥအဒေအတိုင်း လိုက်နာဖို့ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေတာမျိုး မလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အလုပ်သမားခေါင်းဆောင် ကိုသက်ကိုကိုက “ကျနော်တို့ စက်ရုံက အလုပ်သမားတွေ အဓိက ကြုံရတဲ့ပြဿနာထဲမှာ အချိန်ပြဿနာလည်း ပါနေပါတယ်။ အလုပ်ချိန်ပြင်ပမှာ စက်ရုံသန့်ရှင်းရေး လုပ်ခိုင်းတာ လက်မခံနိုင်ပါဘူး။ ခိုင်းချင်ရင် အလုပ်ချိန်ထဲက ခိုင်းလို့ရပါတယ်။ ပိုင်ရှင်က နိုင်ငံခြားသားဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် တည်ဆဲ မြန်မာနိုင်ငံရဲ့ ဥပဒေကိုတော့ လိုက်နာဖို့ လိုပါတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေ တောင်းဆိုချက် ၁၃ ချက်ထဲက ၁၂ ချက်ကို စက်ရုံဘက်က နှုတ်အားဖြင့် သဘောတူညီထားပြီး အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ် (EC) ပါအတိုင်းမဟုတ်ဘဲ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတဦးကို အလုပ်ပြန်ခန့်ပေးဖို့ တချက်ပဲ ဆက်လက်ညှိနှိုင်းဖို့ ကျန်ရှိတယ်လို့ သိရပါတယ်။

အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013