DVB Logo
Home
မြန်မာသတင်း
ဘရမ်နစ်ကျွန်းတောကြီးကို ဆင်စီးအပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်
DVB
·
January 20, 2018
ဘရမ်နစ်ကျွန်းတောကြီးကို ဆင်စီးအပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်
Donate to DVB

ပဲခူးတိုင်းအတွင်းက ဒေါက်တာ ဘရမ်နစ်ကျွန်းတောကြီးကို ဆင်စီးအပန်းဖြေစခန်းတခုအဖြစ် ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီသစ်တောကြီးက ပြည်မြို့ကနေ ရန်ကုန်မြို့ဘက်အထွက်မှာ တည်ရှိပြီး လွန်ခဲ့တဲ့ နှစ် ၁၆၀ လောက်က မြန်မာနိုင်ငံမှာ ပထမဆုံး Rescerch အနေနဲ့ စိုက်ပျိုးထားခဲ့တာပါ။

အခုပဲခူးရိုးမသစ်တောကြီးကို သစ်ထုပ်ယူခွင့် ၁၀ နှစ်ပိတ်ထားလိုက်တာကြောင့် ဆင်တွေ၊ ဆင်လုပ်သားတွေ၊ အလုပ်အကိုင်တွေ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာကို ရှာဖွေပေးရင်းနဲ့ ပြည်သူတွေ အပန်းဖြေဖို့၊ နိုင်ငံခြားသားခရီးသွားတွေကို စွဲဆောင်ဖို့ ရည်ရွယ်တယ်လို့ မြန်မာ့သစ်လုပ်ငန်း ပဲခူးတိုင်း ဒုတိုင်းမန်နေဂျာ ဦးထွန်းထွန်းဦး ကပြောပါတယ်။

ပဲခူးတိုင်းထဲမှာ ဝင်္ကပေါ်ဆင်စခန်း၊ မှော်ရောကြီးဆင်စခန်း၊ ဖိုးကြားဆင်စခန်း၊ မုက္ခာရေတံခွန်ဆင်စခန်း၊ နတ်မှော်ဆင်စခန်းတွေကိုတော့ ပြီးခဲ့တဲ့လတွေက ဖွင့်လှစ်နိုင်ခဲ့ပြီး အခုက ဒေါက်တာ ဘရမ်နစ်ကျွန်းတောကြီးကို ဆင်စခန်းအပန်းဖြေစခန်းအနေနဲ့ ၆ ခုမြောက် ဖွင့်လှစ်ခဲ့တာပါ။

ဒီကျွန်းတောကြီးကို ၁၈၅၇ ခုနှစ်က ဂျာမန်သစ်တောပညာရှင်ဒေါက်တာ ဘရမ်နစ်က ဧရိယာ ၂၄ ဧက ကို စတင်စိုက်ပျိုးခဲ့ပြီး နောက်တိုးချဲ့ စိုက်ပျိုးခဲ့ကာ အခုစုစုပေါင်း ဧက ၇၈ ဧက မှာ ကျွန်းပင်ပေါင်း ၃၅၀၃ ပင် စိုက်ပျိုးထားခဲ့ပါတယ်။

သက်တန်းအရ နှစ်ရာကျော်ဖြစ်တာကြောင့် လုံးပတ် ၁၅ပေ ၈ လက်မ လုံးပတ်ရှိတဲ့ ကျွန်းပင်တွေပါရှိတာကြောင့် နိုင်ငံခြားခရီးသည်တွေ ကိုစွဲဆောင်နိုင်ပြီး ပြည်သူတွေ အနေနဲ့လည်း ဆင်တွေကိုချစ်တတ်ပြီး တောဆင်ရိုင်းတွေကို သတ်ဖြတ်တဲ့ဘေးက လွတ်မြောက်ဖို့အတွက် ဝိုင်းကာကွယ်နိုင်ဖို့ရည်ရွယ်တယ်လို့ ဆင်ရာဝန် ဒေါက်တာသန်းစိုးက ရှင်းပြပါတယ်။

အခုဆင်စခန်းက နိုင်ငံသားတယာက် ဝင်ခွင့်နဲ့ ဆင်စီးခကို ခရီးတို ၅၀၀၀ ခရီးရှည် ၁၀၀၀၀ ကျပ် ဆင်တကောင်ကို လူ ၃ ယောက်စီးခွင့်ရှိမှာပါ။

နိုင်ငံခြားသား တယောက်အတွက်ကတော့ ၃၀၀၀၀ ကျပ် ပေးခြေရမှာဖြစ်ပြီး ဆင်စခန်းကို နေ့စဉ်ဖွင့်လှစ်သွားမှာဖြစ်ပြီး အင်္ဂါနေ့ တရက်ပိတ်မှာ ဖြစ်ပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013