DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်အတွင်း သတင်းသမားများ သတင်းအချက်အလက်ရရေး အခက်ကြုံနေ
DVB
·
January 20, 2018
ချင်းပြည်နယ်အတွင်း သတင်းသမားများ သတင်းအချက်အလက်ရရေး အခက်ကြုံနေ
Donate to DVB

ချင်းပြည်နယ်အခြေစိုက် ဒေသတွင်း မီဒီယာတွေအနေနဲ့ ချင်းပြည်နယ် အစိုးရနဲ့ ဌာနဆိုင်ရာတွေဆီက သတင်းအချက်အလက်တောင်းယူရာမှာ ပြည့်စုံတဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ အခက်အခဲတွေနဲ့ တွေ့ကြုံနေရတယ်လို့ ချင်းပြည်နယ် အခြေစိုက် မီဒီယာသမားတွေက ဆိုပါတယ်။

“သတင်းလိုက်တဲ့အခါမှာ ကျနော်တို့ဟာ ဒေသတွင်းမီဒီယာတခုဖြစ်တဲ့အတွက် ဒေသတွင်းဖြစ်စဉ်တွေကို အဓိကထားပါတယ်။ အဲဒီမှာ ဘယ်လို အခက်အခဲတွေလဲဆိုတော့ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဦးစီးမှူးတဦးဦး ဖြစ်ဖြစ် သူတို့တွေက ဒါဟာ သူတို့အဆင့်နဲ့ ပြောပိုင်ခွင့် မရှိပါဘူးဆိုပြီးတော့ လွှဲတဲ့ဟာမျိုး ပြည်နယ်အဆင့်ကို လွှဲပြန်ရင်လည်း ဒါဟာ ပြည်ထောင်စုအဆင့်ကပဲ ပြောဖို့ ရှိပါတယ်ဆိုတဲ့ဟာမျိုး၊ သတင်းရယူပိုင်ဆိုင်ခွင့် ရယူတဲ့ နေရာမှာ သူတို့အဆင့်နဲ့ ပြောလို့ မရပါဘူးဆိုတဲ့၊ ဦးစီးမှူးအဆင့်နဲ့ ပြောလို့မရပါဘူးဆိုတဲ့ သူတို့တွေရဲ့ တော်တော်များများ ပြန်လည်ဖြေကြားမှုတွေက ကျနော်တို့ လိုချင်တဲ့ အချက်အလက်တွေ မရရှိတာရယ်၊ တိကျတဲ့ ကိန်းဂဏန်းတွေ မရရှိနိုင်တာရယ်က ဒီ ဒေသတွင်း မီဒီယာ တခုအနေနဲ့ ကြုံရတဲ့ အခက်အခဲတွေပါ” လို့ ချင်းပြည်နယ် အခြေစိုက် Chinland Herand အယ်ဒီတာ ကိုငယ်ပီးက ဒီဗွီဘီကို ပြောပါတယ်။

ချင်းပြည်နယ်အတွင်းမှာ အခြေစိုက်တဲ့ မီဒီယာတွေက သတင်းသမားတွေ အနေနဲ့လည်း အခြား အခက်အခဲတွေအနေနဲ့ လမ်းပန်းဆက်သွယ်မှု ကြမ်းတမ်းမှုတွေနဲ့ ဒေသတွင်း ပြည်သူသတင်းရင်းမြစ်တွေကလည်း သတင်းထောက်တွေကို ထောက်လှမ်းရေးလို ပုံစံမျိုး မြင်နေကြပြီး ပြန်လည်ဖြေကြားရာမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒါအပြင် ချင်းပြည်နယ် လွှတ်တော်တွင်း သတင်းတွေ ရရှိဖို့လည်း အခက်အခဲတွေ ဖြစ်နေတယ်လို့ ဟားခါးပိုစ့် သတင်းစာ အယ်ဒီတာချုပ် ကိုပါဘွေးက ခုလို ပြောပါတယ်။

“ချင်းပြည်နယ် လွှတ်တော်သတင်းအတွက် ကျနော်တို့ ချင်းပြည်နယ် မီဒီယာတွေက ၀င်လို့မရဘူး။ အထဲမှာလည်း တီဗွီလိုမျိုး ထားပေးတာတွေ မရှိဘူး။ ပြီးတော့ ၀င်ခွင့်လည်း မရတော့ ကျနော်တို့ အခက်အခဲတော့ ချင်းပြည်နယ်အတွက်တော့ ကြုံတွေ့တာပေါ့။”

ချင်းပြည်နယ်အတွင်းမှာ မြို့ကြီးတွေဖြစ်တဲ့ ဟားခါး၊ ဖလမ်း၊ တီးတိန်လို မြို့တွေကို အခြေစိုက်ပြီး တည်ထောင်ထားတဲ့ ဟားခါးပိုစ့်၊ ဖလမ်းပိုစ့်၊ တီးတိန်ပိုစ့် လိုမျိုး ပုဂ္ဂလိကပိုင် မီဒီယာတွေ ရှိနေသလို အပြင်အခြေစိုက် ချင်းဝေါဂျာနယ်နဲ့ ခေါနုသုမ်လိုမျိုး မီဒီယာတွေလည်း ရှိနေပြီး ပြည်နယ်အခြေစိုက် ပရင့်မီဒီယာ ၂၃ ခုနဲ့ အွန်လိုင်း ၅၈ ခုထိ ရှိနေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013