DVB Logo
Home
မြန်မာသတင်း
အမုန်းစကားရေးသားဖြန့်ဝေမှု ဖြေရှင်းရေး ပြန်ကြားရေးဝန်ကြီးနှင့်ဥရောပသမဂ္ဂသံအမတ်ကြီး ဆွေးနွေး
DVB
·
January 20, 2018
အမုန်းစကားရေးသားဖြန့်ဝေမှု ဖြေရှင်းရေး ပြန်ကြားရေးဝန်ကြီးနှင့်ဥရောပသမဂ္ဂသံအမတ်ကြီး ဆွေးနွေး
Donate to DVB

လူမှုကွန်ရက်တွေမှာ အမုန်းစကားတွေ ရေးသားဖြန့်ဝေတာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးနဲ့ ဥရောပသမဂ္ဂသံအမတ်ကြီးတို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါက်တာဖေမြင့်နဲ့ ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး H.E.Mr.Kristian Schmidt ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ဝန်ကြီးရုံးမှာ မနေ့ နေ့လယ်ပိုင်းက တွေ့ဆုံပြီး လူမှုကွန်ရက် မီဒီယာတွေမှာ အမုန်းစကားရေးသားဖြန့်ဝေတာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ အကြောင်း ဆွေးနွေးကြတယ်လို့ ပြန်ကြားရေးသတင်းက ဖော်ပြပါတယ်။

ပြီးတော့ မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့်အခြေအနေတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ၊ မီဒီယာဥပဒေပြုရေးကိစ္စတွေနဲ့ ရခိုင်ပြည်နယ်ကို သတင်းမီဒီယာအဖွဲ့ စေလွှတ်တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဖေ့စ်ဘွတ်ခ်တွေကနေ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေအောင် သွေးထိုးလှုံ့ဆော် ရေးသားနေတာတွေကို ထိန်းပေးဖို့  အပါအဝင် အချက် ၃ ချက် ကို အစိုးရနဲ့ ဖေ့စ်ဘွတ်ခ်တို့ သဘောတူခဲ့ကြပြီး အမုန်းစကားပြောတဲ့ အကောင့်တွေ ရှင်းထုတ်သွားဖို့ လုပ်ဆောင်နေပြီလို့ အဲဒီတုန်းက သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013