DVB Logo
Home
မြန်မာသတင်း
လူငယ်​ ၃ ဦး ထပ်​မံတရားစွဲခံရသဖြင့် လွိုင်​​ကော်​မြို့တွင်​ ဆန္ဒပြ
DVB
·
January 20, 2018
လူငယ်​ ၃ ဦး ထပ်​မံတရားစွဲခံရသဖြင့် လွိုင်​​ကော်​မြို့တွင်​ ဆန္ဒပြ
Donate to DVB

ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ လူငယ်​ ၅ ဦးကို လွိုင်​​ကော်​မြို့နယ်​ တရားရုံးကို လူစုလူ​ဝေးနဲ့ သွား​ရောက်​ပို့​ဆောင်​ခဲ့တဲ့ ဦး​ဆောင်​သူ လူငယ်​ ၃ ဦး တရားစွဲဆိုခံရတဲ့အပေါ် ကရင်နီပြည်သူ ၈၀၀ လောက် မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုးဆက်​သစ်​လူငယ်​ဗဟို​ကော်​မတီဝင်​ ခွန်းအသန်းနဲ့ ကရင်​နီပြည်​ ​တောင်​သူလယ်​သမား သမဂ္ဂ ဥက္ကဌ ခူးတူရယ်​တို့ကို ထပ်​မံ တရားစွဲဆိုထားတာပါ။

ကယားပြည်​နယ်​ အစိုးရရုံး​ရှေ့မှာ​ စီတန်းလှည့်လည်ဆန္ဒပြသူ​တွေကို ရဲတပ်​ဖွဲ့က တားဆီးခဲ့​ပေမယ့် ကယားပြည်​နယ်ဝန်ကြီးချုပ်​က ဦး​​ဆောင်​သူ လူငယ်​ ၅ ဦးကို ​တွေ့ဆုံညှိနှိုင်းခွင့်ပြုခဲ့ပါတယ်​။

လူငယ်​​တွေက လက်​ရှိ လူငယ်​ ၃ ဦးကို တရားစွဲထားတဲ့အမှုကို ရုပ်​သိမ်းဖို့၊ ဖမ်းဆီးထောင်​ချထားတဲ့ လူငယ်​ ၅ ဦးကို လွှတ်​​ပေးဖို့၊ အရပ်​သား ၁ ဦး အသတ်​ခံရတဲ့အ​ပေါ် အ​ရေးယူ​​ပေးဖို့နဲ့ ဝန်​ကြီးချုပ်​နဲ့ ပြည်​သူ​တွေ ၃ လ တစ်​ကြိမ်​ ​တွေ့ဆုံဖို့ ​တောင်းဆိုခဲ့​ပေမယ့် ​ပြေလည်​မှု မရခဲ့တာ​ကြောင့် ဆန္ဒပြသူ​တွေက လွိုင်​​ကော်​မြို့ ​လယ်​မီးပွိုင့်ကို ၁ နာရီ​ကျော်​ကြာ ပိတ်​ဆို့ဆန္ဒခဲ့ကြပါတယ်။

ဒါ့အပြင် ကယားပြည်​နယ်​ အစိုးရရုံေး​ရှေ့၊ တရားရုံး​ရှေ့နဲ့ အကျဉ်းထောင်​​ရှေ့​တွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်​။

တရားစွဲခံထားရတဲ့ လူငယ်​ ၃ ဦးကို လွိုင်​​ကော်​မြို့နယ်​ တရားရုံးက စစ်​​ဆေးခဲ့ပြီး ဇန်​နဝါရီ ၂၃ ရက်​မှာ​ ပြန်​ပြီး ရုံးချိန်းထားပါတယ်​။ သူတို့ ၃ ဦးကို လွိုင်​​ကော်​​ အကျဉ်း​ထောင်​မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်​။

ကရင်​နီအမျိုးသားတိုးတက်​​​ရေးပါတီ (​ကေအန်​ပီပီ) ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို သတ်​ဖြတ်​ခဲ့တဲ့အ​ပေါ် အမှန်​တရား ​ပေါ်​ပေါက်​ဖို့ ဆန္ဒထုတ်​​ဖော်​ ​တောင်းဆိုတဲ့ လူငယ်​​တွေ ခုလို အ​ရေးယူ ဖမ်းဆီးခံရတာဖြစ်ပါတယ်​။

ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013