DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကို အန်အယ်လ်ဒီ အစိုးရက ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်နေဟု ရခိုင်အမျိုးသားပါတီအမတ် ဝေဖန်
DVB
·
January 19, 2018
ရခိုင်ပြည်နယ်ကို အန်အယ်လ်ဒီ အစိုးရက ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်နေဟု ရခိုင်အမျိုးသားပါတီအမတ် ဝေဖန်
Donate to DVB

ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ထားတဲ့ အန်အယ်လ်အစိုးရဟာ ရခိုင်ပြည်နယ်ကို ကိုလိုနီစနစ်နဲ့ အုပ်ချုပ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်အမတ်က ပြောဆိုလိုက်ပါတယ်။

မြောက်ဦးမြို့မှာ ရက္ခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာကျရှုံးခြင်း အခမ်းအနား ကျင်းပခွင့် မရတဲ့အတွက် ဒေသခံတွေက ဇန်နဝါရီ ၁၆ ရက်ညက အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို သွားရောက်စုဝေးတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့အတွက် လူ ၇ယောက် သဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီဖြစ်စဉ်အပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမှုမရှိတဲ့ လုပ်ရပ်တခုဖြစ်တဲ့အပြင် ၂ နှစ်သက်တမ်းလောက် အုပ်ချုပ်နေတဲ့ အန်အယ်လ်ဒီ အစိုးရဟာလည်း ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ထားပေမယ့် ရခိုင်ပြည်နယ်ကိုတော့ ကိုလိုနီစနစ်နဲ့ အုပ်ချုပ်နေတယ်လို့ ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

မြောက်ဦး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးနေပြီး အတိအကျသိရှိရပါက ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်သွားဖို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဆုံးဖြတ်ထားတယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

မြောက်ဦးဖြစ်စဉ်ကြောင့် အစိုးရ အကောင်အထည်ဖော်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်မှုရှိလာနိုင်ပြီး ရခိုင်ပြည်သူတွေအနေနဲ့လည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းလာကာ အစိုးရအပေါ် ယုံကြည်မှု လျော့နည်းလာနိုင်တယ်လို့လည်း ရခိုင်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

အစိုးရအဖွဲ့ကိုယ်စား ရခိုင်ပြည်နယ်ကို အဓိကတာဝန်ယူထားတဲ့ ဝန်ကြီးချုပ်ဟာလည်း ရခိုင်ပြည်သူတွေအတွက် ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်မပေးနိုင်သေးဘူး လို့လည်း ရခိုင်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မြောက်ဦးဖြစ်စဉ်မှာ အလွန်အကျွံအင်အားသုံးဖြေရှင်းခဲ့မှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့နဲ့ အသက်သေဆုံးထိခိုက်ဒဏ်ရာရသူတွေအတွက် အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့  ရခိုင်အမျိုးသားပါတီက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013