DVB Logo
Home
မြန်မာသတင်း
မန္တလေး အပါအဝင် မြို့ကြီး ၃ မြို့တွင် တန်ဖိုးနည်းအိမ်ရာ ၇၀၀ ကျော် ဆောက်မည်
DVB
·
January 19, 2018
မန္တလေး အပါအဝင် မြို့ကြီး ၃ မြို့တွင် တန်ဖိုးနည်းအိမ်ရာ ၇၀၀ ကျော် ဆောက်မည်
Donate to DVB

မန္တလေး အပါအဝင် မြို့ကြီး သုံးမြို့မှာ တန်ဖိုးနည်းအိမ်ရာနဲ့ အငှားအိမ်ရာ ၇၀၀ ကျော်ကို ၂၀၁၈ ခုနှစ်အတွင်း ဆောက်လုပ်ဖော်ဆောင်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ပြောပါတယ်။

ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ခွင့်ရဖို့အတွက် ဆောက်လုပ်ရေးနဲ့ နိုင်ငံတော်အစိုးရတို့ ပူးပေါင်းပြီး တန်ဖိုးနည်း၊ တန်ဖိုးမျှတနဲ့ အငှားအိမ်ရာတွေကို ဖော်ဆောင်ပေးနေပြီး မန္တလေးမှာ ယူနစ် ၁၀၀၊ ရန်ကုန်မှာ ယူနစ် ၄၀၀နဲ့ နေပြည်တော်မှာ ယူနစ် ၂၀၀ တို့ကို ရှေ့ပြေးစီမံကိန်း အနေနဲ့ အကြမ်းအားဖြင့် တည်ဆောက်ဖို့ လျာထားတယ်လို့ ပြောပါတယ်။

စီမံကိန်းအတွက် လတ်တလော မြေကြီးလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဒီနှစ်ထဲမှာတော့ ၅၀ ရာခိုင်နှုန်းထိ ဆောင်ရွက်သွားမှာဖြစ်ပြီး အကောင်အထည်ဖော်ပြီးပါက အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ကာ နှစ်ရှည်အရစ်ကျစနစ် နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013