DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ အလုပ်အကိုင် ရရှိစေရေး အသိပညာပေး ဆွေးနွေး
DVB
·
January 19, 2018
မသန်စွမ်းသူများ အလုပ်အကိုင် ရရှိစေရေး အသိပညာပေး ဆွေးနွေး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နိုင်ငံသား မသန်စွမ်းသူတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးနဲ့ လုပ်ငန်းခွင် ဝင်ရောက်နိုင်မှု တိုးမြှင့်ရရှိစေရေး အသိပညာပေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်က ဦးဆောင်ပြီး ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ မသန်စွမ်း ၄ မျိုးဖြစ်တဲ့ အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူနဲ့ ဉာဏ်ရည်မသန်စွမ်းသူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိလူမှုပတ်ဝန်းကျင်မှာ မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အတားအဆီးတွေဖြစ်တဲ့ ပညာရေး၊ ကျွမ်းကျင်မှု၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး၊ သွားလာရေး၊ မူဝါဒ၊ အဘောထားအမြင်နဲ့ ရုပ်ပိုင်းဆိုင်ရာ စတဲ့ အတားအဆီး ၇ ခုကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ ဥပဒေတခုကိုလည်း ပြီးခဲ့တဲ့လက အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး မကြာမီ နည်းဥပဒေ ထွက်လာတော့မှာ ဖြစ်ပါတယ်။ မသန်စွမ်းဥပဒေက မသန်စွမ်းတွေရဲ့ ဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူမှုပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ အတားအဆီးတွေကို ကျော်ဖြတ်နိုင်မယ်လို့လည်း မသန်စွမ်းတွေက မျှော်လင့်ထားပါတယ်။

တနိုင်ငံလုံးမှာ မသန်စွမ်းဦးရေ ၂ ဒသမ ၃ သန်းကျော်ရှိပြီး ၈၀ ရာခိုင်နှုန်းက အလုပ်လက်မဲ့တွေဖြစ်ကာ ဉာဏ်ရည်မသန်စွမ်းသူတွေက အလုပ်အကိုင်ရရှိမှု အနည်းဆုံး ဖြစ်ပါတယ်။

မသန်စွမ်းတွေအတွက် အလုပ်အကိုင် ဖန်တီးနိုင်ရေးနဲ့ပတ်သက်ပြီ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်က ဦးဆောင်ကာ တိုင်းနဲ့ပြည်နယ်အနှံ့မှာ အစိုးရ၊ လုပ်ငန်းရှင်တွေနဲ့ မသန်စွမ်းတွေ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေတာပါ။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာလည်း မသန်စွမ်းတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင် ဖန်တီးပေးရေး အဆိုတခု အောင်မြင်ထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းမှာတော့ အားနည်းနေပါသေးတယ်။

မုံရွာမှာ ကျင်းပတဲ့ နိုင်ငံသား မသန်စွမ်းသူတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနဲ့ လုပ်ငန်းခွင် ဝင်ရောက်နိုင်မှု တိုးမြှင့်ရရှိစေရေး အသိပညာပေး တွေ့ဆုံဆွေးနွေးပွဲကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနဲ့ ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေ၊ မသန်စွမ်းသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013