DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 19, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၂,၈၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ မတ်ပဲ အဟောင်းက ၁ အိတ်ကို ငွေကျပ် ၅၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၆,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ စွန်တာပဲက ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၂၁,၅၀၀ ကနေ ၁၂၃,၈၀၀ ပေါက်ဈေးရှိပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ စွန်တာပဲ အသစ်က ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ၁၀၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၀,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ 929
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ 929 က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၇,၀၀၀ ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၇,၆၀၀ ကျပ် ရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၆,၀၀၀ ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၀၀၀ ကျပ်ကနေ ၁၁၇,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၁၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မုံရွာကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၁,၇၂၀ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မုံရွာနဲ့ မြင်းခြံ ကုန်စည်ဒိုင် ၁ ပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013