DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သား ၂၁ ဦး လုပ်အားခမရ၍ သက်ဆိုင်ရာကို တိုင်ကြား
DVB
·
January 19, 2018
မြန်မာရွှေ့ပြောင်းလုပ်သား ၂၁ ဦး လုပ်အားခမရ၍ သက်ဆိုင်ရာကို တိုင်ကြား
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်က မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးဟာ အလုပ်လုပ်ပြီး လုပ်အားခမရတဲ့အတွက် ဒီကနေ့မနက်က ချင်းမိုင်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနကို သွားရောက်တိုင်ကြားခဲ့ကြပါတယ်။

မြန်မာလုပ်သားတွေဟာ ဆုထိပ်ရပ်ကွက် နီမာဟေမင်းလမ်းရှိ ဆောက်လုပ်ရေး ကန်ထရိုက် နိုင်းကရစ္စန ဖုန်းထစ်ကွန်းထံမှာ အလုပ်လုပ်နေကြတာဖြစ်ပြီး ပုံမှန်လုပ်အားခ လစဉ် ၁၆ ရက်အတွင်း ရှင်းပေးနေကျ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ကနေ ဒီဇင်ဘာလ ၃၀ ရက်ထိ လုပ်အားခတွေ မရခဲ့တာကြောင့် သက်ဆိုင်ရာကို တိုင်တန်းရတာလို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ HRDF လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ  ယွန်းလဒါးက ဒီဗွီဘီကို ပြောပါတယ်။

“လုပ်အားခ သွားတောင်းတော့ သူဌေးက ပိုက်ဆံမရှိသေးဘူးလို့ ပြောလွှတ်တယ်။ ခဏခဏ သွားတောင်းတိုင်း မပေးတော့ ကျမတို့ဆီကို လာပြောတာနဲ့ ကျမတို့လည်း ဒီနေ့ ဆဝဒီးကန် (အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး) ကို ခေါ်လာပြီး လာတိုင်ကြတာပါ။ အခု လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်နေတုန်းပါပဲ၊ ပြီးရင် ရုံးက အလုပ်ရှင်ကို လာပြီး ဖြေရှင်းဖို့ စာပို့ပါလိမ့်မယ်၊ ဒီကြားထဲ အလုပ်သမားတွေက လက်ထဲသုံးစရာ ငွေမရှိ၊ စားစရာမရှိတော့ ဒုက္ခရောက်တယ်။”

လစာမရတဲ့ အလုပ်သမားတွေဟာ စားဝတ်နေရေးအတွက် အပြင်မှာထွက် ရရာ အလုပ်ရှာလုပ်ကြကြောင်း ၊ ဒါကို အလုပ်ရှင်က သိသွားလို့ စိတ်ဆိုးပြီး သူတို့အ လုပ်သမားတန်းလျားကိုဖြိုဖျက်လိုက်တဲ့အတွက် နေစရာအခက်ခဲကြုံတွေ့နေရပါတယ်။

အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်အားခ တနေ့ကို အမျိုးသား ၃၆၀ ဘတ် ၊ အမျိုးသမီး ၃၁၀ ဘတ်၊ အပိုချိန်လုပ်အားတခ အမျိုးသား ၁ နာရီ ၆၅ ဘတ်၊ အမျိုးသမီး ၅၈ ဘတ်နှုန်းနဲ့ လုပ်ကိုင်နေကြတာဖြစ်ပြီး ၂၁ ဦးလုံးအတွက် အလုပ်ရှင်ထံကနေ လုပ်အားခ ဘတ် ၃၄၆၈၇၆ ရဖို့ ရှိနေတာပါ။

ဓာတ်ပုံ- On Leng

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013