DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန် အစိုးရက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလုပ်ဆောင်နေ
DVB
·
January 19, 2018
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန် အစိုးရက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလုပ်ဆောင်နေ
Donate to DVB

အစိုးရအနေနဲ့  မြန်မာနိုင်ငံနဲ့ ကိုက်ညီသင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါ်ထွက်လာစေရေး ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီ ၁၈ ရက်က လုပ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး တိုင်းရင်းသားဒေသများမှာ လူမှုစီးပွားဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးနဲ့ အနာဂတ် မြန်မာနိုင်ငံတော်နဲ့ ကိုက်ညီသင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါ်ထွက်လာစေရေးတို့ကို ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။”လို့ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

ဒါ့အပြင်သူက တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အတူတကွ လက်တွဲ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေပြီး စိန်ခေါ်မှုတွေကို ယုံကြည်ချက်နဲ့ ကျော်ဖြတ်ကြရမယ်လို့လည်း ပြောပါတယ်။

တိုင်းရင်းသားလူမျိုးတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်မှာ တိုင်းရင်းသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသာဒေသတွေမှာ ငြိမ်းချမ်းရေးရရှိရေး စတဲ့ စာတမ်းတွေ ဖတ်ကြား တင်သွင်းနေကြပြီး ဇန်နဝါရီ ၁၉ ရက် ဒီနေ့မှာ ဆက်လက်ကျင်းပနေပါတယ်။

ဖိုရမ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပြီး တိုင်းရင်းသားအရေး ဦးစားပေးလုပ်မှ ညီညွတ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်လို့ ပြောထားပါတယ်။

Photo : Myanmar President Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013