DVB Logo
Home
မြန်မာသတင်း
အင်္ဂလိပ်စာကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲသင်ကြားရန် လွှတ်တော်တွင် ဆွေးနွေး
DVB
·
January 19, 2018
Donate to DVB

အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာဘာသာကို ခေတ်နဲ့လျော်ညီစွာ စွမ်းရည် ၄ မျိုး ပါဝင်တဲ့စနစ်ကို ပြုပြင်ပြောင်းလဲသင်ကြားဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၈ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေက အဆိုတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတာပါ။

“မြန်မာနိုင်ငံမှာ သူငယ်တန်းမှစပြီး တက္ကသိုလ်ဝင်တန်း(အထက်တန်း) အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာရပ်ကို မသင် မနေရ ဘာသာရပ်တခုအဖြစ် ပြဋ္ဌာန်း သင်ကြားပေးနေပေမယ့် အထက်တန်းအဆင့် ပညာရေးပြီးဆုံးချိန်မှာ ကျောင်းသူ၊ ကျောင်းသား အများစုရဲ့ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲ ဖြစ်တယ်”လို့ ဒေါ်ထုမေက ပြောပါတယ်။

ဒါ့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာနဲ့ အတိုင်းအတာတခုအထိ ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်ဖို့  (Grade 9) အဋ္ဌမတန်းက စတင်ပြီး အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်း၊ သင်ကြားပုံနည်းစနစ်နဲ့ အကဲဖြတ်စနစ်(စာမေးပွဲ)ကို ခေတ်နဲ့လျော်ညီစွာ စွမ်းရည် ၄ မျိုး( 4 skills- Reading, Writing, Speaking, Listening) ပါဝင်တဲ့ စနစ်ကို ပြုပြင်ပြောင်းလဲသင်ကြားဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ဆွေးနွေးသွားပါတယ်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်ကလည်း “ကမ္ဘာပေါ်ရှိ ပညာဗဟုသုတတွေကို လေ့လာဆည်းပူးဖို့ ကမ္ဘာသုံးဘာသာရပ်ဖြစ်တဲ့ အင်္ဂလိပ်ဘာသာရပ်ဟာ မရှိမဖြစ် တတ်ထားရမယ့်အရာ ဖြစ်တယ်၊ ယနေ့ တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖြစ်တဲ့ လူငယ်၊ လူရွယ်၊ လူလတ်နဲ့ လူကြီးတွေ အင်္ဂလိပ်စာ တတ်ထားဖို့ အရေးကြီးတယ်”လို့ ဆွေးနွေးသွားပါတယ်။

ဒါ့အပြင် နေ့စဉ်ထုတ် အင်္ဂလိပ်သတင်းစာတွေကိုလည်း စာကြည့်တိုက်မှာ ထားပေးသင့်တယ်။ ကျောင်းများရှိ ကွန်ပျူတာတွေကို အလှပြထားမယ့် အစား Internet နဲ့ ချိတ်ဆက်ပြီး Online မှ အင်္ဂလိပ်စာ 4 Skills ကို သင်ယူစေလိုတယ်၊ အင်္ဂလိပ်စာသင်မယ့် ဆရာ၊ ဆရာမတွေကိုလည်း အင်္ဂလိပ်လူမျိုး ဆရာ၊ ဆရာမတွေနဲ့ သင်တန်းပေးပြီးမှ ကျောင်းသား၊ ကျောင်းသူများကို သင်ပြသင့်တယ်လို့လည်း လွှတ်တော်မှာ ဆွေးနွေးသွားပါတယ်။

အလားတူ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ် (၉) မှ ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ် (၁) မှ ဦးကျော်သောင်းနဲ့  မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဒေါက်တာဦးကြွယ်ကြွယ်တို့ကလည်း ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013