DVB Logo
Home
မြန်မာသတင်း
မင်းဘူးတွင် ယာဉ်မတော်တဆဖြစ်ရာမှ တရားမ၀င် ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းမိ
DVB
·
January 19, 2018
မင်းဘူးတွင် ယာဉ်မတော်တဆဖြစ်ရာမှ တရားမ၀င် ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းမိ
1 / 9
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ သပွက်ချောင်းတံတားနားမှာ ဇန်နဝါရီ ၁၈ ရက်က ယဉ်မတော်တဆဖြစ်ရာက တရားမဝင် အခကြေးငွေယူပြီး သယ်ဆောင်လာတဲ့ ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မင်းဘူးရဲစခန်းကသိရတယ်။

မင်းဘူးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နိုင်နိုင်စိုးက "သပွတ်ချောင်း အောက်ထဲမှာ မသကာင်္ဖွယ်ရာ လူတစုရောက်နေတယ်လို့ သတင်းရတဲ့အတွက် စခန်းမှူးကို သတင်းပို့ပြီး အမှတ် (၁) အုပ်ချုပ်ရေးမှုး ဦးအေးလွင်အဖွဲ့နဲ့ ပူပေါင်းပြီး တောနင်းရှာဖွေတော့ ဘင်္ဂါလီလူမျိုးလို ယူဆရတဲ့ ၁၁ ဦးကို ဖမ်းမိပြီး ရဲစခန်းခေါ် စစ်ဆေးလိုက်တော့ သူတို့လာတာ ၁၂ ဦးဖြစ်ကြောင်း ထွက်ဆိုတယ်။ အဲဒီ ၁၂ ဦးကို ယဉ်မောင်းသက်နိုင်နဲ့ မြင့်ဆွေ ၂ ဦးတို့က လေးပင်ရွာအနီး ချုံပုတ်ကတင်ပြီး ခေါ်ဆောင်မောင်းနှင်လာပြီး ယာဉ်တိုက်မှုဖြစ်တော့ တံတားအောက် ပုန်းအောင်းနေတယ်။ ယာဉ်ထိန်းရောက်တော့ ဘင်္ဂါလီတွေ မတွေ့တော့ဘူး။ ယဉ်ထိန်းက ယဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်လိုက်တယ်။ နောက်တနေ့မှာပဲ ပျောက်ဆုံးနေတဲ့တယောက်ကိုတော့ ကျနော်တို့ ထပ်မံ ဖမ်းဆီးရမိခဲ့တာ" လို့ ပြောပါတယ်။

တရားမဝင် သယ်ဆောင်လာတဲ့ ယဉ်မောင်းသက်နိုင်နဲ့ မြင့်ဆွေတို့ ၂ ဦးကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၆၇ အရ အရေးယူထားပြီး၊ ဘဂါင်္လီ ၁၂ ဦးကိုတော့ မင်းဘူးမြို့နယ် လဝက ဦးစီးမှူးက တရားလိုပြုလုပ်ပြီး လဝက ဥပဒေ အရ ထပ်မံ အရေးယူထားပါတယ်။

အဆိုပါ ဘဂါင်္လီ၁၂ ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က တရားမဝင် ဝင်ရောက်လာတာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013