DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးကို တာဝန်မှရပ်စဲ
DVB
·
January 19, 2018
ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးကို တာဝန်မှရပ်စဲ
Donate to DVB

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း သမ္မတရုံးက ဇန်နဝါရီ ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။  

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ဇန်နဝါရီ ၂ ရက်က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ စည်ပင်သာယာရေး ဝန်ကြီးအဖြစ်က ရပ်စဲဖို့ အဆိုတင်သွင်းပြီး မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။

မဲခွဲ ဆုံးဖြတ်ရာမှာ  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် မဲပေးသူ စုစုပေါင်း ၄၅ ဦးရှိခဲ့ပြီး အဲ့ဒီမှာထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၈ မဲ ရခဲ့ပါတယ်။

စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ရခိုင်ပြည်နယ်က ဈေး ၅ ဈေးအပါအဝင် ကူးတို့လေလံကိစ္စတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်တွေကို ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့တာကြောင့် ဆက်လက် တာဝန်ထမ်းဆောင်ဖို့ မသင့်ဘူးလို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013