DVB Logo
Home
မြန်မာသတင်း
မကွေးနည်းပညာတက္ကသိုလ်တွင် နည်းပညာ ပြပွဲ ပြိုင်ပွဲ ကျင်းပ
DVB
·
January 18, 2018
မကွေးနည်းပညာတက္ကသိုလ်တွင် နည်းပညာ ပြပွဲ ပြိုင်ပွဲ ကျင်းပ
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး မကွေးမြို့နည်းပညာတက္ကသိုလ်မှာ ဇန်နဝါရီ ၁၈ ရက်မနက်က Science and Technology Fair ပြပွဲ ပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။

မကွေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြနန္ဒာလွင်က “ကျောင်းသား ကျောင်းသူတွေ တနှစ်တာ သင်ယူခဲ့တဲ့ပညာတွေကို အတန်းလိုက် Project တွေကို ယှဉ်ပြိုင် ခိုင်းတာဖြစ်ပြီး ပထမဆုံး နည်းပညာတက္ကသိုလ် မကွေးမှာ ယှဉ်ပြိုင်ပြီး မန္တလေးနည်းပညာ တက္ကသိုလ် အထက်မြန်မာပြည်မှာ ယှဉ်ပြိုင်ပြီး၊ နောက်တဆင့် နေပြည်တော်မှာပြိုင်ပြီးရင် ပညာရေးဝန်ကြီးဌာန အစီအစဉ်နဲ့ နိုင်ငံခြားတွေမှာ သွားပြိုင်နိုင်တယ်။ ဒီပြိုင်ပွဲကို မေဂျာအလိုက် နည်ပညာပြခန်းပေါင်း ၄၀ နဲ့ ပြသယှဉ်ပြိုင်နေတာဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မကွေးနည်းပညာတက္ကသိုလ် မြို့ပြ အင်ဂျင်နီယာဌာနမှ နောက်ဆုံးနှစ်ကျောင်းသား မောင်ချစ်ဝင်းမောင်က “ဒီလိုပွဲမျိုး လုပ်ပေးတာကို ကြိုဆိုရမှာပါ။ အရင် အစဉ်အဆက်က ဒီလိုပွဲမျိုးမရှိသလောက် ရှားခဲ့တယ်။ ကျနော်တို့ကျောင်း တကျောင်းတည်း မဟုတ်ဘဲ မြန်မာပြည် အနှံ့ နည်းပညာတက္ကသိုလ်တွေ ချိတ်ဆက်ပြုလုပ်ပြီး နိုင်ငံတော်အဆင့်ထိ ရွေးချယ်မှာ ဖြစ်တယ်။ ကျနော်တို့ အင်ဂျင်နီယာပညာရပ်က စာတွေ့တင် သင်ကြားရတဲ့ ပညာရပ် မဟုတ်ဘဲ လက်တွေ့ပါပေါင်းစပ်သင်ကြားရတဲ့ ပညာရပ်တခု ဖြစ်ပါတယ်။ အခုလို ကျောင်းသားတွေကိုယ်တိုင် လက်တွေ့ပြုလုပ်ထားတဲ့ နည်းပညာတွေကို ခင်းကျင်းပြသခွင့်ရတဲ့အတွက် လက်တွေ့ပိုင်းမှာ ပိုမိုတိုးတက်စေတယ်"လို့ဆိုပါတယ်။

အဆိုပါ နည်းပညာ ပြပွဲ၊ ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး အစိုးရ အဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ  ကြည့်ရှုလေ့လာခဲ့ပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013