DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားအရေးဦးစားပေးလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
DVB
·
January 18, 2018
တိုင်းရင်းသားအရေးဦးစားပေးလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
Donate to DVB

 

တိုင်းရင်းသားအရေး ဦးစားပေးလုပ်ဆောင်မှ အမျိုးသားပြန်လည်သင့်မြတ်ပြီး ပြည်ထောင်စုညီညွတ်ရေးကို တည်ဆောက်နိုင်မယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ဇန်န၀ါရီ ၁၈ ရက် ဒီမနက်လုပ်တဲ့ တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောဆိုတာ ဖြစ်ပါတယ်။

အစိုးရက ဦးဆောင်ပြီး ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံအစည်းအဝေးတွေမှာ တိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ အခွင့်အာဏာခွဲဝေရေး၊ မြေယာနဲ့ သယံဇာတ စီမံခန့်ခွဲမှုများ ခွဲဝေဆောင်ရွက်ရေး၊ အခွန်ကောက်ခံမှုတွေ ခွဲဝေဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးမှုတွေကနေ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူတွေထွက်ပေါ်လာအောင် ကြိုးပမ်းနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်က အခုလုပ်တဲ့ ဖိုရမ်ကနေပြီး တိုင်းရင်းသားဒေသတွေ အတွက် အတွေးသစ် အမြင်သစ်တွေ ရရှိစေဖို့၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ တဘက်တလမ်းက ထောက်ပံ့ကူညီနိုင်ဖို့နဲ့ ညီညွတ်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဖိုရမ်မှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက် က တိုင်းရင်းသားလူမျိုးတို့ရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်များ စာတမ်း၊ တိုင်းရင်းသား သယံဇာတခွဲဝေအသုံးချမှု စာတမ်း၊ Burma News International က  အမှုဆောင်ဒါရိုက်တာ ဦးသန်းမြင့်က ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား မီဒီယာစာတမ်းတို့  ဖတ်ကြားကြပြီး  သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ၀ိုင်းဝန်းဆွေးနွေးကြတယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြပါတယ်။

ဖိုရမ်ကို  ဇန်န၀ါရီ ၁၉ ရက်ထိ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013