DVB Logo
Home
မြန်မာသတင်း
မူပိုင်ခွင့် ဥပဒေကြမ်း ၄ခု ပညာရေးဝန်ကြီးတင်သွင်း
DVB
·
January 18, 2018
မူပိုင်ခွင့် ဥပဒေကြမ်း ၄ခု ပညာရေးဝန်ကြီးတင်သွင်း
Donate to DVB

 

မူပိုင်ခွင့် ဥပဒေကြမ်း လေးခုကို ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တင်သွင်းလိုက်ပါ တယ်။

တင်သွင်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေကြမ်းတွေကတော့  စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနဲ့ စာပေနဲ့ အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းတို့ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းလာတဲ့ မူပိုင်ခွင့် ဥပဒေကြမ်းတွေဟာ အကျိုးစီးပွားအတွက် ရည်ရွယ်ဆောင်ရွက်တဲ့ လုပ်ငန်းတွေဖြစ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ မူလလုပ်ငန်းတာဝန်တွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိဘူးလို့ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။

ဒါကြောင့် လုပ်ငန်းတွေ အဆင်ပြေဆောင်ရွက်နိုင်အောင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက လွှဲပြောင်းတာဝန်ယူဆောင်ရွက်ဖို့နဲ့ မူပိုင်ခွင့်ဆိုင်ရာမှုခင်းတွေကို သီးခြားစီရင်ပိုင်ခွင့်ပေးပြီး စစ်ဆေးဆောင်ရွက်ဖို့လိုတဲ့အတွက် မူလဥပဒေကြမ်းပါ တရားရုံးတည်ထောင်ခြင်းဆိုတာကို မူပိုင်ခွင့်ဆိုင်ရာတရားရုံး တည်ထောင် ခြင်းလို့ ပြင်ဆင်သင့်တယ်လို့ ဒေါက်တာမြတ်ဥာဏစိုးက ဆိုပါတယ်။

ဒါ့အပြင် ဒုသမ္မတတစ်ဦးကို ဥက္ကဋ္ဌ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကို ဒုဥက္ကဋ္ဌ၊ ပြန်ကြားရေး၊ စက်မှုနဲ့ ပညာရေးက ဒုဝန်ကြီးတွေ၊ ၄ ဦးထက်မပိုတဲ့ မူပိုင်ခွင့်နဲ့ နည်းပညာဆိုင်ရာ ပညာရှင်တွေ၊ ၂ ဦးထက်မပိုတဲ့ NGOs ကိုယ်စားလှယ်တွေနဲ့ မူပိုင်ခွင့်နဲ့ နည်းပညာဆိုင်ရာ အေဂျင်စီ ဥက္ကဋ္ဌစတာတွေ ပါဝင်တဲ့ ဗဟိုကော်တီဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း မူလဥပဒေကြမ်းမှာ ဖြည့်စွက်သင့်တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013