DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 18, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၃,၃၅၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှတော့ မတ်ပဲ အဟောင်းက ၁ အိတ်ကို ၅၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၇၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၆,၆၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၆၅၀ ကျပ် ဈေးကွာခြားမှု  ရှိပါတယ်။

ပဲကြီး
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၈၇,၃၀၀ ကျပ်ကနေ ငွေကျပ် ၁၉၂,၃၀၀ ပေါက်ဈေးရှိပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၁၇၀,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး နှမ်းအများဆုံး ဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၆,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁,၆၉၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၄၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
စီပီပြောင်း အဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက  ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၆,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၉,၄၅၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၃,၅၀၀ ကျပ်ကနေ ၂၈,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၁,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေထဲက တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့  စီပီပြောင်းကတော့ ဈေးတက်သွားပါတယ်။ တရုတ်နိုင်ငံမှာ စီပီပြောင်းစိုက်ပျိုးနှုန်း ကျဆင်းနေပြီး မြန်မာနိုင်ငံက ပြောင်းတွေကို အများအပြား ဝယ်ယူလာတဲ့အတွက် ဈေးက တက်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကာလတူ အခြေအနေမှာ စီပီပြောင်းက ၁ ပိဿာကို ၃၀၀ ကျပ်နီးပါးသာ ပေါက်ဈေးရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁ ပိဿာကို ၅၅၀ ကျပ်အထိ ဈေးက မြင့်တက်လာခဲ့ပါတယ်။

လက်ရှိမှာတော့ စီပီပြောင်းက ၁ ပတ်အတွင်း ငွေကျပ် ၅၀ လောက် ဈေးမြင့်တက်လာပြီး မူဆယ်ကုန်စည်ဒိုင်ကို ပြောင်းကားအစီးရေ ၃၀၀ ကျော် အပတ်စဉ် ဝင်ရောက်နေတယ်လို့ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013