DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တရားရုံးသို့ လူစုလူဝေးဖြင့် လာရောက်ခဲ့သည့် ခေါင်းဆောင် ၃ ဦးကိုခေါ်ယူစစ်ဆေး
DVB
·
January 18, 2018
လွိုင်ကော်တရားရုံးသို့ လူစုလူဝေးဖြင့် လာရောက်ခဲ့သည့် ခေါင်းဆောင် ၃ ဦးကိုခေါ်ယူစစ်ဆေး
Donate to DVB

ငြိမ်းစုစီ ပုဒ်​မ ၁၉နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လူငယ်​ ၅ ဦးရဲ့ တရားရုံးထုတ်ကို လူထု ၁၀၀၀ ​လောက်​စုရုံးပြီးလာရောက်ခဲ့ရာမှာ  ဦး​ဆောင်သူ ၃ ဦးကို ရဲတပ်ဖွဲ့က ​ခေါ်ယူစစ်​​ဆေးခဲ့ပါတယ်။

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုးဆက်​သစ်​လူငယ်​ ဗဟို​ကော်​မတီဝင်​ ခွန်းအသန်းနဲ့ ကရင်​နီပြည်​ ​တောင်​သူလယ်​သမား သမဂ္ဂဥက္ကဋ္ဌ ခူးတူရယ်​တို့ကို လွိုင်​​ကော်​မြို့နယ်​ ရဲမှူးက ဇန်​နဝါရီ ၁၇ ရက်​​က ​ခေါ်ယူစစ်​​ဆေးခဲ့တာပါ။

ကရင်​နီပြည်​ ​တောင်​သူလယ်​သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်​က “ဒီရက်​က စစ်​​ဆေးပြီး​တော့ ခုမှပြန်​​ရောက်​တာ၊ ၁၉ ရက်​​နေ့ကျရင်​ တရားရုံးသွားဖို့ လက်​မှတ်​ထိုးခဲ့ပါတယ်​။ ၁၉ ရက်​​နေ့ကျရင်​ တရားရုံးသွားရဦးမှာ​ပေါ့” လို့​ပြောပါတယ်​။

ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၂၀ ရက်​​က ကရင်​နီအမျိုးသားတိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ) ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးတို့ ပစ်သတ်ခံရတာကို  ကန့်​ကွက်​ရှုတ်​ချ​​ကြောင်းနဲ့ အမှန်​တရား​ပေါ်​ပေါက်​ဖို့် ဒီဇင်​ဘာ ၂၂ ရက်​​က ဆန္ဒထုတ်​​ဖော်​​တောင်းဆိုခဲ့တဲ့ ဦး​ဆောင်​သူ လူငယ်​ ၅ ဦး ငြိမ်းစုစီနဲ့ တရားစွဲထောင်ချခံ ခဲ့ရပါတယ်​။

ဒီလူငယ်​ ၅ ဦးကို ဇန်​နဝါရီ ၅ ရက်​​က  လွိုင်​​ကော်​မြို့နယ်​တရားရုံးကို ရုံးထုတ်ရာမှာ လူစုပြီး လိုက်​ပါပို့​ဆောင်​ခဲ့တဲ့ ဦး​ဆောင်​သူ ၃ ဦးကိုလည်း  ငြိမ်းစုစီ ပုဒ်​ ၁၉ နဲ့ ထပ်​မံတရားစွဲဆို ခံရဖို့ရှိနေတယ်လို့ ကရင်​နီပြည်​ ​တောင်​သူလယ်​သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်​ကပြောပါတယ်။

“ဒီလို ပုဒ်​မ ၁၉ နဲ့ ထပ်​ပြီး တရားစွဲမယ်​ဆို​တော့ ဒီသံသရာကဆုံးမှာ မဟုတ်​ဘူး​ပေါ့။ အခုတရားထပ်​စွဲမယ်​ဆို​တော့ ​နောက်​ထပ်​လည်း လာဦးမယ်​လို့ ကျ​နော်​အ​နေနဲ့ ကြိုပြီး ​ပြောချင်​တယ်​။ ဒီအမှုက ဘာတခုမှ ​ရှင်းလင်းချက်​မ​ပေးဘဲနဲ့ ဒီလိုဘဲ တရားစွဲမယ်​ဆို ပြီးမှာ မဟုတ်​ဘူး​”

ဇန်​နဝါရီလ ၁၅ ရက်​​နေ့ ကယားပြည်​နယ်​​နေ့တွင်​ လူငယ်​ ၅ ဦးကို ဖမ်းဆီးထောင်​ချတဲ့ အ​ပေါ် ရှုတ်​ချ​ကြောင်း လက်​ကမ်းစာ​စောင်​​တွေ ဖြန့်​​ဝေခဲ့တဲ့ လူငယ်​​တွေကို အာဏာပိုင်​​တွေက တားမြစ်​ပြီး လက်​ကမ်းစာ​စောင်​​တွေကို သိမ်းဆည်းခဲ့ပါတယ်​။

အမှန်​တရား​ဖော်​ထုတ်​တဲ့ လူငယ်​ ၅ ဦးကို ဖမ်းဆီး​ထောင်​ချတဲ့အ​ပေါ် အရပ်​ဘက် ​အဖွဲ့အစည်း ၆ ဖွဲ့က ကန့်​ကွက်​ရှုတ်​ချ​ကြောင်း ကြေညာထားပြီး ကယားပြည်​နယ်မှာရှိတဲ့ လက်​နက်​ကိုင်​ အဖွဲ့ ၂ ဖွဲ့ကလည်း ချက်ချင်း ပြန်လွှတ်​​ပေးဖို့ ပူးတွဲ ​​တောင်းဆိုထားပါတယ်​။

သတင်း - ခွန်​တူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013