DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာစည်ပင်ကျပ် သိန်း ၉၀၀၀ ကျော်သုံး၍ လမ်းခင်း ပြည်သူများ ပူးပေါင်းပါဝင်
DVB
·
January 18, 2018
မိတ္ထီလာစည်ပင်ကျပ် သိန်း ၉၀၀၀ ကျော်သုံး၍ လမ်းခင်း ပြည်သူများ ပူးပေါင်းပါဝင်
Donate to DVB

မိတ္ထီလာမြို့ စည်ပင်သာယာရေးအဖွဲ့မှ ‎၂၀၁၇-၁၈နှစ် ဘတ်ဂျက်ငွေ ကျပ်သိန်း ၉၀၀၀ ‎ကျော် အသုံးပြုပြီး ‎မိတ္ထီလာမြို့တွင်းလမ်းတွေ ရေပေးဝေမှု၊ ‎ဈေးပြင်ဆင်မှုတွေကို ‎လုပ်ဆောင်ပေးနေတာကို မြို့နေပြည်သူတွေကလည်း စည်ပင်အဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်လာတယ်လို့  မိတ္ထီလာစည်ပင် ကော်မတီက ပြောပါတယ်။

မိတ္ထီလာစည်ပင်ကော်မတီအဖွဲ့ဝင် ဦးအောင်ကြိုင်က “လုပ်ငန်းအားလုံးကို တင်ဒါခေါ်ယူပြီး ကုမ္ပဏီတွေက လုပ်တာပါ။ ဒီနှစ်လုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ ထူးခြားတာကတော့ ကန်ပတ်လမ်းမှာ ကွန်ကရစ်လမ်း ခင်းနေတာကို အဲဒီလမ်းနေတဲ့သူတွေက စည်ပင်ကိုလာပြီး လျာထားငွေအပေါ် သူတို့တွေရဲ့ငွေ သိန်း ၁၆၀ ကျော် ထပ်ဖြည့်ပေးတယ်။ က.ည.န ရုံးဘေးက လမ်း အောင်ဇေယျာရပ်ကွက်အပိုင်းမှာ ကတ္တရာခင်းနေတာကို ‎အဲဒီလမ်းနေသူတွေကလည်း ၂၅ သိန်း ဖြည့်ပြီးလုပ်ကြတယ်။ ‎ကုမ္ပဏီက လမ်းလာလုပ်နေတာကို ကူညီတယ်။ သူတို့ လမ်းပိုကောင်းအောင် စည်ပင်အဖွဲ့နဲ့အတူ ပူးပေါင်းပေးတယ်”လို့ ‎ပြောပါတယ်။

ရှိုင်းရေဆေးလုပ်ငန်း ဦးထွန်းထွန်းက “နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့လမ်းပဲ။ ကျနော်တို့ကတောင် ကောင်းအောင် ပြင်ရဦးမှာပါ။ စည်ပင်နဲ့ပူးပေါင်းပြီး ‎လမ်းပိုကောင်းအောင် ၃၅ ဦးရဲ့ အလှူငွေနဲ့ ‎ထပ်ဖြည့်လုပ်တယ်။ ကွန်ကရစ်လမ်းပေါ့။ ထု ၈ လက်မ အရှည်ပေ ၃၀၀၀ ကျော် အကျယ် ၁၂ ပေကို ၃ ပေ ထပ်ချဲ့ပေးပါ။ နှုတ်ခမ်းသား တဖက်တချက် ၃ ပေစီ မြေတင်လိုက်တော့ လမ်းအကျယ် ၂၁ ပေ ဖြစ်သွားတယ်။ ဒီလို လုပ်ပေးရတာကိုပဲ ကြည်နူးနေတယ်”လို့ ပြောပါတယ်။

အောင်ဇေယျာ ရပ်ကွက်နေသူတဦးက “ဒီနေရာမှ မဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် ပြည်သူက ပူးပေါင်းပါဝင် လုပ်ပေးတော့ ပိုကောင်းလာပေါ့။ ကုမ္ပဏီက လာလုပ်နေတာကိုလည်း ကူညီပေးလိုက်တယ်။ သူတို့လုပ်နေတာ ငါတို့လမ်းဆိုတဲ့ စိတ်လေးနဲ့ပေါ့”လို့ ပြောပါတယ်။

‎ မိတ္ထီလာစည်ပင်က ၂၀၁၇-၁၈ ဘတ်ဂျက်လျာထားမှုကို ကော်မတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ‎ညှိနှိုင်းအတည်ပြုပြီး တိုင်းဒေသကြီးအစိုးရက ထပ်မံအတည်ပြုပေးရပါတယ်။

ဈေးအတွက် ‎၈၈ ဒသမ ၈ သန်း၊ လမ်းအတွက် ၇၅၅ ဒသမ ၂၂ သန်း၊ ‎ရေပေးဝေရေးအတွက် ၆၈ ဒသမ ၈၃ သန်း၊ စုစုပေါင်း ၉၁၂ ဒသမ ၉၁ သန်း (၉၁၂၀သိန်း) ‎အသုံးပြုပြီး မြို့အစွန်အဖျားအထိ လုပ်ဆောင်ပေးမယ်လို့ စည်ပင်ကော်မတီက ဆိုပါတယ်။

‎သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013