DVB Logo
Home
မြန်မာသတင်း
ပြည်သူအတွက် ကြိုးစားလုပ်ဆောင်မည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ်ပြော (ရုပ်သံ)
DVB
·
January 18, 2018
ပြည်သူအတွက် ကြိုးစားလုပ်ဆောင်မည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ်ပြော (ရုပ်သံ)
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးကို အခြေခံပြီး စီပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အဓိကထား ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်အသစ်   ဦးလှမိုးအောင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့မှာပဲ နိုင်ငံတော်သမ္မတက အဆိုပြုပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြုပေးခဲ့တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်အသစ် ဦးလှမိုးအောင်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ကတိပေး ပြောကြားခဲ့တာပါ။

ဧရာဝတီတိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်စပ်နေတဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်တို့ကိုလည်း ဖြည့်ဆည်းသွားမယ့်အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နှစ်ရှည်စီမံကိန်းတွေ ချမှတ် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့လည်း အသိပညာပေးတာတွေကို အဓိကထား လုပ်ဆောင်သွားမယ်၊ သူ့အနေနဲ့ ပြည်သူ့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်သွားမယ်လို့ အာမခံကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီးလွှတ်တော်က ကန့်ကွက်ကသူ မရှိ အတည်ပြုခဲ့တဲ့ ဝန်ကြီးချုပ်အသစ် ဦးလှမိုးအောင်ဟာ မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ တိုင်းဒေသကြီးလွှတ်တော်မှာ စိုက်ပျိုးရေး၊မွေးမြူရေး၊ဆည်မြောင်းနှင့် သယံဇာတရေးရာ ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။

သူဟာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကနေ စိုက်ပျိုးရေးဘွဲ့ (B.Ag) ဘွဲ့ ရရှိခဲ့ပြီး လက်ရှိမှာတော့ အသက် ၅၃ နှစ်ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013