DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ဂိုဏ်းဖွဲ့ရန်ဖြစ်သည့်  ရွှေ့ပြောင်းလုပ်သားလူငယ်များ ဖမ်းဆီးခံရ
DVB
·
January 18, 2018
ချင်းမိုင်တွင် ဂိုဏ်းဖွဲ့ရန်ဖြစ်သည့်  ရွှေ့ပြောင်းလုပ်သားလူငယ်များ ဖမ်းဆီးခံရ
Donate to DVB

 

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ ဈေးကြီးအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူငယ်တစ်စု ခိုက်ရန်ဖြစ်ပွားပြီး  မြန်မာရွှေ့ပြောင်းလုပ်သားလူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တာနဲ့ ပတ်သက်လို့  တာဝန်ရှိ ရဲတွေက လူငယ် ခြောက်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဇန်န၀ါရီ ၁၅ ရက် ည ၁၁ နာရီက မယ့်ပင်းမြစ်ကမ်းနား ဈေးကြီးအနီး အခင်းဖြစ်ပွားပြီးတဲ့နောက် ထွက်ပြေးလွတ်မြောက်သွားတဲ့လူတွေကို ရဲတပ်ဖွဲ့က  စီစီကင်မ ရာတွေဖွင့်ပြီး သူတို့ထွက်သွားတဲ့ လမ်းကြောင်းတွေ ရှာဖွေခဲ့တာပါ။

ရဲတပ်ဖွဲ့က ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ် ဆန်ဆိုင်းနွဲ့ရပ်ကွက်နဲ့ ချင်းမိုင်မြို့ပါဒက် ရပ်ကွက်ရှိ အလုပ်သမားတို့ ငှားရမ်းနေထိုင်ရာ အိမ်ခြေတွေလိုက်လံစစ်ဆေးပြီးတဲ့နောက် မနေ့မနက်က  အဲဒီရပ်ကွက်ထဲက အလုပ်သမား လူငယ် ခြောက်ဦးကို ဖမ်းဆီးခဲ့ပါတယ်။  

သူတို့ ရန်ဖြစ်ရာမှာ အသုံးပြုခဲ့တဲ့ ဆာမူရိုင်းဓားရှည် ၂ လက်၊ ဓားမြောင် ၃ လက်၊ လေးဂွ ၂ ခု၊ ချိန်းကြိုးတစ်ချောင်း၊ မော်ဆော်ဆိုင်ကယ် ၂ စီး စတဲ့ သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျ ရဲမှူးကြီး အာနွန်းချိတ်ချုတရကွန်းထောင်းန် က သတင်းထောက်တွေကို ပြောပါတယ်။  

အဆိုပါ လူငယ် ၆ ဦးမှာ အသက် ၁၈ နှစ် နဲ့  ၂၀ နှစ်ကြားသာရှိသေးပြီး ချင်းမိုင်မှာ ဆောက်လုပ်ရေးအလုပ် လာလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြောင်း၊  ၁၅ ရက် နေ့က ရန်ဖြစ်ခဲ့တဲ့ ကိစ္စမှာ ဒဏ်ရာရသွားတဲ့ လူငယ်က ဒီမတိုင်ခင် သူတို့အဖွဲ့သားတယောက်ကို ထိုးခဲ့လို့  ပြန်လာပြီး ကလဲ့စားချေတာလို့ အသက် ၂၀ နှစ်ရွယ်ရှိ စိုင်းန ဆိုသူက ၀န်ခံပါ တယ်။

ခိုက်ရန်ဖြစ်တဲ့ထဲမှာ သူတို့အဖွဲ့ထဲက ၈ ဦး ပါဝင်ပြီး  ၂ ဦးကိုတော့ ဖမ်းလို့ မမိသေးကြောင်း၊ သူတို့ဟာ ၀ိုဒမ် (အနက်ရောင်ကြာပန်း) ဆိုတဲ့ အဖွဲ့ကဖြစ်ပြီး အဖွဲ့ဝင်စုစုပေါင်း ၃၀ ခန့်ရှိကြောင်း၊ ၀ိုဒမ်ဆိုတဲ့ ဖေ့စ်ဘုတ်တစ်ခုထောင်ထားပြီး အဲဒီကနေ အချင်းချင်း အချိန်းအချက်လုပ်ကာ ချင်းမိုင်တာ့ဖဲဂိတ်မှာ ညအချိန်လာရောက်စုဝေး သောက်စားလေ့ ရှိကြောင်း ၊ အရက်မူးလာရင် တပါးသူကို လိုက်လံရန်စ ရိုက်နှက်လေ့ရှိတယ်လို့  ရဲမှူးကပြောပါတယ်။

ဒဏ်ရာ ၅ ချက်ရပြီး ဆွန်ဒေါက်ဆေးရုံမှာ တက်ရောက်ကုသနေရတဲ့ လူငယ်ကတော့ သူ့အနေနဲ့ သူတို့အဖွဲ့ကို အရင်ကလည်း မသိဖူး၊ မမြင်ဖူးကြောင်း၊ သူဟာ ဈေးကြီးရှေ့ ပန်းရော င်းဆိုင်က အလုပ်သမားဖြစ်ပြီး ဆိုင်ကူရောင်းနေစဉ် ဓားနဲ့ ၀င်ထိုးတာခံရတယ်လို့  ချင်းမိုင်ရှမ်းလူမှု ကူညီရေးအဖွဲ့ဝင်ကို ပြောပါတယ်။

ဒဏ်ရာရလူငယ်မှာ အသက် ၂၈ နှစ်ရှိ စိုင်းလုံ ခေါ် စိုင်းညာဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ကနေ ထိုင်းမှာ လာအလုပ်လုပ်နေသူတဦး ဖြစ်ပါတယ်။

ကိုးကား - ထိုင်းရတ် ၊ ချင်းမိုင်နယူးစ် ၊ တိုင်းတီဗွီအွန်လိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013