DVB Logo
Home
မြန်မာသတင်း
ဦးလှမိုးအောင်ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ်အတည်ပြု၊ စိုက်ပျိုးစီးပွားတိုး တက်အောင်လုပ်မည်
DVB
·
January 18, 2018
ဦးလှမိုးအောင်ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ်အတည်ပြု၊ စိုက်ပျိုးစီးပွားတိုး တက်အောင်လုပ်မည်
Donate to DVB

 

မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းလွှတ်တော်က ဒီကနေ့မနက် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီ ဇန်န၀ါရီ ၉ ရက်က ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်သွားပြီးနောက် မြန်အောင်အမတ် ဦးလှမိုးအောင်ကို နိုင်ငံတော်သမ္မတက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဦးလှမိုးအောင်ဟာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ စိုက်မျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့် သယံဇာတ ကော်မတီမှာ အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အပြင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်ဟာ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  မြန်အောင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူဖြစ်ပါတယ်။ ဦးလှမိုးအောင်ဟာ စိုက်ပျိုးရေးဘွဲ့ရထားသူဖြစ်ပေမယ့် အရောင်း အ၀ယ်လုပ်ကိုင်သူတဦးဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့  ဦးလှမိုးအောင်က သူ့အနေနဲ့ အခုလို ၀န်ကြီးချုပ်ဖြစ်လာမယ်လို့ မျှော်လင့်မထားတဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“၀န်ကြီးချုပ်ရာထူးကို ကျနော် မမှန်းမိပါဘူး။ ကျနော်ထင်တာက စိုက်ပျိုးရေးဝန်ကြီးတော့ ဖြစ်မယ်ထင်တာ။ ဘာလို့လည်းဆိုတော့ ကျနော် စိုက်ပျိုးရေးနဲ့ဘွဲ့ရတာကို၊ပြီးတော့ တိုင်း လွှတ်တော်မှာလည်း စိုက်ပျိုးရေးနဲ့ ဘွဲ့ရတာ နှစ်ယောက်ပဲ ရှိတာကို။”

ဧရာဝတီတိုင်းအတွက် စီးပွားရေးတိုးတက်အောင် လုပ်ချင်တယ်၊တောင်သူ လယ်သမားတွေ နည်းပညာသုံးပြီး စိုက်ပျိုးနိုင်အောင် လုပ်ပေးချင်တယ်၊ ၀န်ထမ်းတွေကိုလည်း ကြပ်ကြပ်မတ်မတ်ကိုင်တွယ်သွားဖို့ စဉ်းစားထားတယ်လို့လည်း ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်နုတ်ထွက်ခဲ့ပြီးနောက် မကြာသေးခင်ကပဲ ဧရာဝတီတိုင်းဝန်ကြီးချုပ်လည်း ရာထူးကနုတ်ထွက်ခဲ့ပါတယ်။

သတင်း-သော်ဇင်မျိုး/ ရွှေအောင်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013